တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့အနီးတွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားလမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာ မှ ဒေါ့ဖုန်းယန်ဘက်သို့ တက်လာသော စစ်အင်အား ၁၀၀ကျော်စစ်ကြောင်းကို ဒေါ့ဖုန်းယာန်မရောက်မှီ ၃ မိုင်ခန့်အကွာ ဒဂါကျေးရွာတွင် KIA တပ်ရင်း ၁၉ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“တိုက်ပွဲဖြစ်နေတာ ၂နာရီလောက်ကြာနေပြီ။ အခုထိဖြစ်နေတုန်းဘဲ။ စစ်သားတွေ ဒေါ့ဖုန်းယာန်ဘက်ကိုတက်လာတာ KIA ကဝင်ပစ်တာဟုတ်တယ်။ လက်နက်ကြီးကော လက်နက်သံတွေ အကုန်ကြားရတယ်။ KIA ကတော့ လမ်းမှာစောင့်ပြီး ဝင်ပစ်တယ်ဆိုတော့ ဗမာစစ်သားဘက် ထိခိုက်ဖို့များတယ်”ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေပြီး ၂ဖက်စလုံး ထိခိုက်မှုအသေးစိတ်မသိရသော်လည်း အကြမ်းဖက်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ဆိုသည်။

အလော့ဘွမ်တောင်ခြေဖြစ်သော ဒေါ့ဖုန်းယာန်မြို့အနီးတွင် တိုက်ပွဲမဖြစ်ပဲ ငြိမ်သက်နေသည်မှာ ၁၀ရက်ခန့်ကြာပြီးနောက် ယခု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

Show More

Related Articles

Back to top button