,

Breaking News :

ပင်လည်ဘူးမြို့နယ် ကျေးရွာပေါင်း ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ကလေးနှင့် မိခင် ထိခိုက်ဒဏ်ရာ ပြင်းထန်

လားရှိုး သိန္နီ လမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

စစ်ကောင်စီ ရိက္ခာသယ်ကား အစီ ၄၀ ကျော် မိုးကောင်းမှ တနိုင်းသို့ တက်သွား

မိုးမောက်မြို့  မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ

စစ်ကောင်စီ မိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိ သေဆုံး

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ

ဒေါ့ဖုန်းယန်မြို့အနီး တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု များပြား

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယမန်နေ့က အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်ခန့်က ဗန်းမော် လမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်သို့ တက်လာသော အာဏာသိမ်းစစ်တပ် အင်အား ၁၅၀ ခန့် ကို ဒေါ့ဖုန်းယန် မရောက်မှီ အူထန်ယန်ကျေးရွာအနီးတွင် KIA တပ်ရင်း ၁၉အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် သေဆုံးသွားသူများကို ဒေါ့ဖုန်းယန် နှင့် နွမ်းလန့်ရှိ စစ်အင်အားတစ်ချို့ ထပ်မံရောက်ရှိလာပြီး ယမန်နေ့ညနေပိုင်းက လာရောက် သင်္ဂြုလ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

“မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက် ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ အားလုံး ၂၀ကျော်တယ်တဲ့။ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ နွမ်လန့်ဘက်က စစ်သားတစ်ချို့ပြန်ရောက်လာပြီး ဒဏ်ရာရတဲ့သူတွေကို လာကယ် ထုတ်တယ်။ သေဆုံးသွားတဲ့သူတွေကိုတော့ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာဘဲ သင်္ဂြုလ်သွားတယ်လို့ သိရတယ်။ မိုးချုပ်ခါနီး ၅နာရီလောက်မှ ဒေါ့ဖုန်းယန်ဘက်ပြန်တက်သွားကြတယ်တဲ့” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ကျဆုံးမှုများပြီး လက်နက်တချို့ကိုလည်း KIA က သိမ်းယူနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများမှ သိရသည်။

ယမန်နေ့ တိုက်ခိုက်ခံရသည့် လမ်းကြောင်းအတိုင်း ယနေ့တွင်လည်း အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ ကျော်ဖြင့် ဒေါ့ဖုန်းယန်တို့ ဆက်လက် ချီတက်လာနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်ဖြင့် နီးကပ်ပြီး အလောဘွမ်တောင်ခြေတွင် တည်ရှိသော ကျေးရွာလည်း ဖြစ်သည်။

လက်ရှိ ထိုနေရာတွင် အာဏာသိမ်းစစ်တပ်ဘက် တပ်မ ၈၈ နှင့် ၇၇ တို့မှ စစ်အင်အား ၈၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

Read Previous

ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

Read Next

ဗန်းမော်မြို့ စနေ-ပရဟိတ အသင်းခေါင်းဆောင် ဖမ်းဆီးခံရ

Leave a Reply

Your email address will not be published. Required fields are marked *