လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမော်မြို့ စနေ-ပရဟိတ အသင်းခေါင်းဆောင် ဖမ်းဆီးခံရ

​ဗန်းမော်မြို့ စနေပရဟိတအသင်းခေါင်းဆောင် ဦးလွင်ကိုချစ်ကို အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့က ညနေ ၂နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ကြားရသလောက်တော့ သူရှောင်ပုန်းနေတဲ့နေရာကနေ ရဲအင်အား ၁၀ကျော်နဲ့ဝင်ဖမ်းသွားတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးလွင်ကိုချစ်ကို လက်ရှိဗန်းမော်ရဲစခန်းတွင် ထိန်းသိမ်းကာ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့နယ်တွင်လည်း အခြားပြည်နယ်၊ မြို့နယ်များကဲ့သို့ ဖမ်းဆီးမူများရှိခဲ့သည့်အပြင် ဖမ်းဆီးခံရသူများ ယနေ့ချိန်ထိ တစ်ဦးမှလွှတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြစ်ကြီးနားဘက်ဆို အစပိုင်း ဆန္ဒပြတဲ့ချိန်မှာ ဖမ်းခံရတဲ့သူတွေဆိုရင် PCGရဲ့ အကူညီနဲ့လွှတ်လာတဲ့သူတွေ ရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ဒါပေမယ့် ကျနော်တို့ ဗန်းမော်က ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ တစ်ယောက်မှ လွှတ်လာတာမရှိဘူး။ တစ်ချို့ဆို မိသားစုနဲ့တွေ့ခွင့်မရတဲ့သူတွေတောင် ရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံရသူ ၃၀ ဦးထက်မနည်း ရှိနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button