Covid-19 Reportingသတင်း

ဗန်းမော်ခရိုင်တွင် ၅ ရက်အတွင်း Covid-19 ပိုးတွေ့လူနာ ၄၀ ကျော်အထိ ရှိလာ

ဗန်းမော်ခရိုင်တွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ ၅ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးကျော်ပြီဖြစ်ကြောင်း ဗန်းမော်မြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၈ရက်နေ့ ဗန်းမော် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမအပါအဝင် မိသားစုဝင် ၃ဦးတွင် ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။

ထို့နောက် ဇွန်လ ၂၉ရက်နေ့ ဗန်းမော်မန်း ကားဂိတ်မှ ယာဉ်မောင်း ၊  ယာဉ်မောင်းနောက်လိုက်နဲ့ခရီးသည် အပါအဝင်စုစုပေါင်း ၃ဦးတွင် ထပ်မံ ပိုးတွေ့ရှိခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် အဆိုပါ ပိုးတွေ့လူနာများနဲ့ဆက်စပ်သူများအား ထပ်မံစစ်ဆေးရာ ၁၁ ဦးတွင် ထပ်မံ တွေ့ရှိကြောင်း ဗန်းမော်မြို့ ကိုဗစ်‌-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ ၁ရက်နေ့ ညနေ ၆နာရီချိန်ထိ ထပ်တိုး အတည်ပြုလူနာများသည် ဗန်းမော် သာစည် ရှမ်းဝိုင် ၂ဦး၊ မံစီ -၁ဦး၊ မင်းလှရပ်ကွက်မှ ၁ ဦး ၊ ၃ မိုင်ကွက်သစ်-၁ဦး၊ ဘူဒိုဇာကုန်း (ရွှေမန်းသားရေဆေးဆီလိုက်)-၂ဦး၊ တပ်ကလေး- ၁ ဦး စုစုပေါင်း ၈ဦး ထပ်မံတွေ့ရှိသည့်အပြင် နောက်ထပ် နေရပ်အတိအကျ မသိနိုင်သေးသည့် သူ ၈ ဦး တွေ့ရှိသည့်အတွက် စုစုပေါင်း ၁၃ဦးရှိကာ ၅ရက်အတွင်း မြို့နယ်အဆင့်တွင် စုစုပေါင်း အတည်ပြုလူနာ ၃၀ ကျော်လာပြီ ဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာများကို လက်ရှိ ဗန်းမော်ဆေးရုံတွင် သီးသန့်ထားရှိကာ ဆေးကုသပေးနေကြောင်း သိရသည်။

ဗန်းမော်မြို့နယ်မှ အတည်ပြုလူနာ ၃၀ ကျော်အပါအဝင် မံစီမြို့နယ် ၃ဦး၊ ရွှေကူမြို့နယ် ၆ဦး၊ မိုးမောက်မြို့နယ်တွင် ၄ဦး ရှိသောကြောင့် ဗန်းမော်ခရိုင်တစ်ခုလုံးတွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၄၀ ကျော်လာပြီ ဖြစ်သည်။

ဗန်းမော်မြို့နယ်မှ အတည်ပြုပိုးတွေ့လူနာနဲ့ဆက်စပ်သူ ၄၉ ဦးရှိကာ ၎င်းတို့အနက် ၁၂ ဦးကို ဟန်တဲလ် သာသနာ့လင်းရောင်ခြည်ကျောင်းတိုက်တွင် ထားရှိကာ ၃၇ ဦးကို Home Quarantine နဲ့ Facility Quarantine ထားရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ရက်နေ့ထိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ၈ဦး၊ ရွှေကူ ၉၉ ဉီး နဲ့ ဗန်းမော်မြိုနယ် ၁ ဉီး စုစုပေါင်း ၁၀၈ ဦးထိရှိခဲ့သည်။

Show More

Related Articles

Back to top button