Covid-19 Reportingသတင်း

ပူတာအိုခရိုင် ထွေအုပ် မိသားစုဝင်များနှင့် ရုံးဝန်ထမ်းတွင် ကိုဗစ် ပိုးတွေ့

ကချင်ပြည်နယ် ပူတာအို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး၏ မိသားစုဝင်များနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၆  ဦးတွင် Covid-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ခရိုင်ထွေအုပ်ဦးစီးမှူး ဦးကျော်ကျော်လွင် အပါဝင် မိသားစုဝင် ၄ ဦးနှင့် ထွေအုပ်ရုံးမှ အမျိုးသမီးတစ်ဦး နှင့် ကျောင်းဆရာမ တစ်ဦး စုစုပေါင်း ၆ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း နီးစပ်ရာ ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။

“မနေ့ကဘဲ ထွေအုပ်မှူး မိသာစု တစ်စုလုံးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်ဆိုပြီး ဆေးရုံက အတည်ပြုလိုက်တယ်လို့ သိရတယ်။ ထွေအုပ်ဝန်ထမ်းတွေပြန်စစ်ကြည့်တော့ ဝန်ထမ်းအမျိုးသမီးမှာလည်း ပိုးတွေ့တယ်ပေါ့လေ။ ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထွေအုပ် ဦးစီးမှူး ဦးကျော်ကျော်လွင်၏ သားအကြီးဖြစ်သူမှာ ပူတာအို အ.ထ.က ကျောင်း၊ ၇ တန်း(A)ခန်းတွင် ကျောင်းတက်နေပြီး အတန်းပိုင်ဆရာမတွင်လည်း ပိုးတွေ့ခဲ့သည်။
 
နောက်ထပ် ပိုးတွေ့ခဲ့သည့် ထွေအုပ်ဝန်ထမ်းအမျိုးသမီးမှာ လုံးစွတ်ရပ်ကွက်တွင် နေထိုင်သူသူဖြစ်ပြီး ‘ဘွမ်နွယ်’ စားသောက်ဆိုင်ဖွင့်ထားကြောင်းလည်း သူကဆက်ဆိုသည်။

ခရိုင် အုပ်ဦးစီးမှူး မိသားစုမှာ ပြီးခဲ့သောလမှ ရွေ့ပြောင်းလာခဲ့ကြသူများဖြစ်ပြီး ပူတာအိုတွင် ထွေအုပ်ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၁ လကျော်ခန့်သာရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button