,

Breaking News :

မိုးမောက်မြို့  မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ

စစ်ကောင်စီ မိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိ သေဆုံး

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ

လဝါး ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIAမိုင်းခွဲ တိုက်ခိုက်

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေ

ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်အချို့တွင် တပ်စွဲထားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဩဂုတ်လ ၂၇ ရက် ယနေ့နံနက် ၅နာရီခန့်မှ စတင်ပြီး စစ်ကောင်စီ အင်အား ၃၀ ခန့် ကျေးရွာအတွင်းဝင်ရောက်နေသောကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း တန်ဂျာဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက် ၅ နာရီလောက်ကနေဖြစ်မယ်။ စစ်သားတွေရွာထဲမှာ ဝင်နေတာ။ နေအိမ် ၃ အိမ်လောက်မှာ အပြည့်ရှိနေကြတယ်။ ကျနော်ထင်တယ် တပ်စုတစ်စုထင်တယ်။ အခုသူတို့ ကအပြန်အလှန် စောင့်ကြည့်နေတဲ့ သဘောမှာရှိတယ်။ ပြီးရင် ရွာအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ကလည်း စစ်ကူစောင့်နေတဲ့သဘော ရှိနေတယ်။” ဟု ပြောဆိုသည်။

ယမန်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင် တန်ဂျာကျေးရွာအထက်ပိုင်း မုန်ညက်ခ (Mung Nyak Hka) အနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေရာတွင် နာရီဝက်ခန့်အကြာ လက်နက်ကြီးများဖြင့် အပြန်လှန်တိုက်ခိုက်ခဲ့ကြပြီးနောက် အာဏာသိမ်းတပ်ဘက် အနည်းဆုံး ၁၅ ဦးခန့် သေဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။

တန်ဂျာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများသည် ၅မိုင်ခန့်ဝေးသော လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းတို့မှာ ခရစ်ယာန်ဘာသာရေးကျောင်းများတွင် တိမ်းရှောင်နေကြောင်း သိရသည်။

လုံရှာယန်ကျေးရွာသို့ ထွက်ပြေးလာသည့် တန်ဂျာဒေသခံ ၄၀၀ ကျော်သည် ကျေးရွာအတွင်း လက်ရှိ စစ်ရေးအခြေအနေကြောင့် အိမ်ပြန်ရန် အဆင်မပြေသေးကြောင်း KNG ကို ပြောသည်။

“နေရပ်ပြန်ဖို့က မသေချာသေးဘူး။ ဘယ်လောက်ထိနေရမှာလဲမသိဘူး။ အခုက များသောအားဖြင့် ဆွေမျိုးအိမ်မှာနေကြတယ်။ ဒါပေမယ့် ဒီလိုဘဲ နေဖို့အချိန်ကြာလာတော့ စစ်ရှောင်အဖြစ်နဲ့ နေဖို့များနေတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသော လုံရှာယန်ကျေးရွာအုပ်စုဘက်တွင် စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြား တိုးချဲ့ပို့ဆောင်နေကြောင်း သိရသည်။

ထို့အပြင် တန်ဂျာကျေးရွာတွင်လည်း ယနေ့နံနက် ၁၀ နာရီတွင် MPT ဆက်သွယ်ရေးဖုန်းလိုင်းကို ဖြတ်တောက်ထားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော ဇွန်လ တန်ဂျာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သဖြင့် တန်ဂျာကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ယူကာ ‘နောက်တစ်ကြိမ်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားလျှင် ရွာကိုမီးရှို့ပစ်မည်’ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

Read Previous

တရုတ်- မြန်မာ နယ်စပ် မုံးကိုးမြို့အနီး မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်

Read Next

KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီ ညွန်ကြားထားသော်လည်း ပြန်လည်ဆွေးနွေးမည်ဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *