တိုက်ပွဲသတင်း

နမ့်ဗျူ(Nambyu) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်

တနိုင်းမြို့နယ်  နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း  နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နမ့်ဗျူမှော် စစ်ကောင်စီတပ်စခန်းကို KIA တပ်က မေလ ၁၁ ရက်နေ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရက်အကြာမှာ တပ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ နမ့်ဗျူမှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုအတည်ပြုပြောပါတယ်။

၁၁ ရက်နေ့က စဖြစ်တာ ဒီကနေ့မှာ အပြီးစီးသိမ်းသွားတာဟုတ်တယ်။ အဲ့မှာ စစ်အင်အားက ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ အခုတော့ KIA တပ်တွေ အကုန်နေရာယူလိုက်ပြီ။ ရှင်းလင်းရေးတွေလုပ်နေတယ်လို့ပဲ သေချာသိရသေးတယ်လို့ပြောပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို လက်နက်ခဲယမ်းအများအပြားကိုလည်း KIA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လက်ရှိ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ နမ့်ဗျူတပ်စခန်းမှာ ခလရ ၂၆၀ တပ်နဲ့ တပ်မ ၈၆ လှုပ်ရှားတပ်တွေ စစ်အင်အား ၅၀ နဲ့ ၆၀ ကြားမှာ လာရောက် တပ်ချထားတဲ့တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။

စစ်ဘက်ကနေ နမ့်ဗျူတပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ဒီနေ့ မနက်ပိုင်း တပ်စခန်းသိမ်းပိုက်မှုအပြီး  နာရီခွဲလောက်မှာ ဂျက်လေယာဉ်  စီးနဲ့ လှည့်ပတ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့မှော်ဒေသခံတွေကပြောပါတယ်။

 နာရီလောက်မှာ ထင်တာပဲ ဂျက်လေယာဉ်  စီးနဲ့ လာပစ်တာ။ ဒီဘက်မှာ တိုက်ပွဲဖြစ်တာက  ပတ်လောက်တော့ ရှိလာပြီထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒရုန်းချတာတောင် ဒီကနေ မြင်ရတယ်။ စခန်းသိမ်းမသိးတော့ ကျနော်တို့လည်း သေချာတော့ မသိရဘူးလို့ နမ့်ဗျူမှော်အနီး ဆယ်သိန်းမှော် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နမ့်ဗျူတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ လောက်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသရှိ ရွှေမှော်ဒေသအားလုံးကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း လာရောက်တပ်ချထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိမှာ နမ့်ဗျူမှော်အပါဝင် ဆယ်သိန်းမှော်၊ လုံကြပ်မှော်၊ နမ္မနား စတဲ့ရွှေမှော်တွေကို အဓိကထိန်းချုပ်ထားတာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ အထက်က နမ်ဗျူမှော်မှာရှိတဲ့ ပြည်သူက ဆက်ပြောပါတယ်။

နမ့်ဗျူမှော်တပ်စခန်းက ဒီဘက်မှာရှိတဲ့ မှော်ဒေသအတွက်ဆိုရင် အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်တယ်။ ဘာလို့လဲအဆိုတော့ နမ်ဗျူမှော်အနီးတဝိုက်မှာက မှော် သုံး၊လေး နေရာလောက်ရှိတယ်။ အဲဒီမှော်တွေကို ဒီကနေပဲကြည့်နေတာလို့ပြောပါတယ်။

နမ့်ဗျူမှော်ဒေသဟာ ၂၀၁၆ ဝန်းကျင်လောက်အထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ၊ တပ်ရင်း (၁၄) နေရာ တည်ရှိခဲ့တဲ့ ဒေသတစ်ခုဖြစ်သလို ၂၀၁၇ လောက်မှာ စစ်တပ်က စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာပါမကျန် KIA တပ်စခန်းတွေ ဆုတ်ခွာလိုက် ရတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နမ့်ဗျူမှော်အပါ တစ်ကြောမှာရှိတဲ့ ပယင်းတောင်၊ လပူမှော်၊ နွယ်ဂျယ်ဘွမ့်၊ နမ့်ကောန့်၊ အင်ဂါးဂါး စတဲ့ ရွှေမှော်ဒေသတွေမှာ ရွှေတူးဖော်တာတွေ ပြန်လည်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

အဲဒီရွှေမှော်ဒေသတွေမှာရှိတဲ့ နမ့်ဗျူ၊ နမ့်ကောန်၊ နွယ်ဂျယ်ဘွမ့် မှော်ဒေသတွေမှာ တပ်စွဲနေရာယူထားတဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ အတွင်းမှာပဲ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ဘက်မှာ ဒီကနေ့ တစ်ရက်ထဲမှာပဲ နမ့်ဗျူစစ်တပ်စခန်းကို KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ပြင် တနိုင်းမြို့အဝင်ဝဖြစ်တဲ့ တိန်းကောက်ကျေးရွာအကျော် နန်းဖျက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button