သတင်း

စီအင်ရွာမှာ  လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ နှစ်အရွယ်အဘိုးတစ်ဦးနဲ့ ရွာသားတစ်ဦးသေဆုံး

ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ အရွယ်အဘိုးတစ်ဦးနဲ့ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် စီအင်ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာ တော၊တောင်နဲ့ ဗန်းမော်ဘက်ကို ထွက်ပြးတိမ်းရှောင်နိုင်ခဲ့ကြပေမဲ့ အသက်ကြီးတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတစ်ချို့ ရွာမှာကျန်နေခဲ့တာဖြစ်ပါတယ်။

ရွာမှာကျန်ခဲ့တဲ့သူတွေထဲမှာ လေဖြတ်နေတဲ့ အသက် ၈၀ အရွယ် ဦးငွားချီးလည်းပါဝင်တယ်လို့ သိရပြီး မေလ ၁၀ ရက်နေ့  မိသားစုဝင်တွေက ဦးငွါးချီးကို ကယ်ထုတ်ဖို့သွားခဲ့ချိန်မှာတော့ လက်နက်ကြီးကျည်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ နေအိမ်အတွင်း သေဆုံးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဘယ်အချိန်မှာသေတာလည်းတော့ ရက်အတိအကျမသိဘူး ၁၀ ရက်နေ့ဆိုတာကလည်း သူ့သားတွေ သွားကယ်ထုတ်တဲ့နေ့မှာတွေ့လို့ ရက်သတ်မှတ်လိုက်တာဘဲရှိတာ အလောင်းကလည်း ပုပ်ပွနေပြီတဲ့၊ ရွာထဲမှာ မြုပ်ခဲ့ဖို့လည်းအချိန်မရခဲ့ဘူး၊ မြင်ဘဲမြင်ခဲ့ရပြီး ချက်ချင်းပြန်ထွက်ခဲ့ရတာတဲ့လို့ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် အမည်အသိယောကျ်ား အလောင်းတစ်ခုလည်း ရွာလမ်းမကြီးမှာ ရှိနေတယ်လို့ သိရပါတယ်။လက်နက်ကြီးကျည်ထိမှန်သေဆုံးနေတဲ့ ဦးငွါးချီးနဲ့ အမည်မသိအမျိုးသားကို ဒေသခံတစ်ချို့နဲ့ မိသားစုဝင်တွေက မြေမြုပ်သဂြိုလ်ဖို့ပြင်ဆင်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်နေတာကြောင့် သဂြိုလ်ချိန်မရဘဲနေအိမ်ထဲမှာဘဲ ပစ်ထားခဲ့ရတယ်လို့ သိရပါတယ်။  

လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ကျန်နေခဲ့တဲ့ဒေသခံပြည်သူအားလုံးကို မေလ ၁၀ ရက်နေ့ သွားရောက်ကယ်ထုတ် နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့မှာဘဲ အကုန်လုံးကို ကယ်ထုတ်လာနိုင်ခဲ့တာ၊ အခုရွာမှာ ဘယ်သူ့မှ မရှိတော့ဘူး၊ ဒါပေမဲ့ အလောင်းတော့ သယ်လာလို့မရလိုက်ဘူးပေါ့၊ တစ်ခြား မိုးမောက်မြို့ပေါ်တွေမှာတော့ ဘယ်လိုလဲမပြောတတ်ပေမဲ့ စီအင်မှာတော့ မရဘူးလို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ  ရက်ည  နာရီ ဝန်းကျင် စီအင်ကျေးရွာအတွင်း လက်နက်ကြီးအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ လီဆူစစ်ရှောင်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ စီအင်ကျေးရွာဒေသခံတွေဟာ လက်နက်ပစ်သံတွေမကြာခဏကြားနေရတဲ့အတွက် ထပ်မံတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။

သူတို့က လေယာဉ်ကွင်းနဲ့ ကပ်တော့ ပစ်သံတွေ မခံနိုင်လောက်အောင်ပစ်နေကြတဲ့အတွက်  မံစီမြို့နယ် မံသာရွာဘက်ကို အများကြီးထွက်ပြေးသွားကြပြီ၊ လမ်းကြောင်းတွေ ကလည်းထပ်ပိတ်လိုက်တော့ ကျန်နေတဲ့ ၈၀ လောက် ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်လို့ပြောပါတယ်။

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဗန်းမော်မြို့တွင်းမှာလက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက်  ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

By – Bu Bu

Show More

Related Articles

Back to top button