စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုး စစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း  မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်စခန်းများအတွက် တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် ကူညီ ပေးနေသူတစ်ဦးထံမှ သိရသည်။

“မုံးကိုး စစ်ရှောင်က ခက်ခဲနေတယ်။ တမံတလင်းမှာ မိုးကာပဲခင်းလို့။ အခက်အခဲ ဖြစ်နေတယ်။ အထပ်သားတွေလိုနေတယ်။ တအာက်ခင်းဖို့။ အကူအညီ အရေးပေါ်လိုနေတယ်။ အချပ် ၃၀၊ ၄၀ လောက်။” ဟု သူက ပြောသည်။

စစ်ရှောင်များတွင် သက်ကြီး ရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ နို့တိုက် မိခင်များလည်း ပါဝင်နေသောကြောင့် တမံတလင်းပေါ် မိုးကာတစ်ခုသာခင်းပြီးအိပ်ပါက ရေရှည် ကျန်းမာရေး ထိခိုက်လာနိုင်သောကြောင့် ‌အခင်းအောက် အထပ်သားခင်းရန် လိုအပ်ကြောင်း ပြောသည်။

စစ်ဘေးဒုက္ခသည်တွေထဲမှာ အသက် ၆၀ အထက် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၀ ဦး၊ ၁၂ နှစ်အောက်ကလေး ၁၇၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ရှိသည်။

“စစ်ရှောင် ထပ်တိုးတာတော့ မရှိဘူး။ ဒီကြားထဲ မုံးကိုးထိတော့ ငြိမ်နေတယ်။ ဖောင်းဆိုင်ဘက်တော့ စစ် ‌ဖြစ်တယ်။” ဟု လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူများသည် လီဆူဘုရားကျောင်း၊ ဘုန်းကြီး ကျောင်းနဲ့ ကချင်ဘုရားကျောင်းများတွင် ခိုလှုံနေကြရပြီး ရက်ကြာလာတာနဲ့အမျှ အစားအသောက် ခက်ခဲလာတဲ့ အပြင် ဆေးဝါးများလည်း လိုအပ်မှု များလာကြောင်း ပြောသည်။

စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်လာတာကြောင့် မုံးကိုးမြို့နယ်ရှိ ရွာ ၉ ရွာမှ ပြည်သူ ၇၀၀ ကျော် မုံးကိုးမြို့သို့ ဩဂုတ် ၂၉ ရက်နေ့ကစ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button