တိုက်ပွဲသတင်း

မုံးကိုး ဖောင်းဆိုင် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်အနီး စက်တင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်အသုံးပြုကာစစ်ကြောင်းသုံးကြောင်းခွဲပြီး ရှိကျိကြတောင်တန်းရှိ MNDAA တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် MNDAA ဘက်က တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးပြင်း ဒဏ်ရာရရှိခဲ့ကာ စစ် ကောင်စီဘက်က အကျအဆုံးမသိရသေးကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

ဒေသခံတစ်ဦးကတော့ “မနေ့က ဖောင်းဆိုင်ရွာမှာကို တိုက်ပွဲ ဖြစ်တာ။ ဒီနေ့တော့ ခုထိ ငြိမ်နေတယ်။ မနေ့ကတော့ မနက် ၅ နာရီကနေ ညနေ ၄ နာရီလောက်အထိ လက်နက်ကြီး ပစ်တယ်။ ရွာမှာ လက်နက်တော့ကျတယ်။ လူတွေ၊ အိမ်တွေ ထိတာတော့ မရှိဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲအပြီး စစ်ကောင်စီမှ ပြန်လည်ဆုတ်ခွာသွားသော်လည်း နှစ်ဦးနှစ်ဘက် ကြိုးကြား ကြိုးကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Bum Shep

Show More

Related Articles

Back to top button