,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

မုံးကိုးတွင် စစ်ကောင်စီ ရိက္ခာသယ်လာသော ပြည်သူ့စစ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ ကောင်းလုံအုပ်စုတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီအတွက် ရိက္ခာသယ်လာသော ပြည်သူ့စစ်တပ်ဖွဲ့၏ ကား ၁၀ မိနစ်ခန့်ကြာ တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က ရိက္ခာသယ်လာသော စစ်ကောင်စီအောက် ပြည်သူ့စစ်ကားကို ပစ်ခတ်ခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

“ဟုတ်တယ်။ မုံးကိုးမှာ အသံကြားတယ်။ ဒီမနက် မုံးကိုး ကောင်းလုံ၊ တလောက တိုက်ပွဲ ဖြစ်တဲ့ နမ့်ဟာ တကြောဘက် ပြည်သူ့စစ်ကား အတိကျတော့ ကျွန်တော်တို့မသိဘူး။ ပြည်သူ့စစ်ကား ရိက္ခာတွေ တင်ပြီးတက်လာချိန် တောင်ပေါ်ကလူတွေ လာပစ်တယ်။ ကိုးကန့်နဲ့ ကချင်ဖြစ်လိမ့်မယ်။ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ကားပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံးကိုးဒေသတွင် လက်ရှိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေဖြစ်သည်။

“မုံးကိုး ဖောင်းဆိုင်ဘက်မှာ အဓိက တိုက်တာကတော့ MNDAA နဲ့ စစ်ကောင်စီ တို့ တိုက်ကြတာပါ။ အဲဒီမှာ ကျွန်တော်တို့ KIO နဲ့တော့ ဒီ စစ်နည်းဗျူဟာဆွဲပြီး ပေါင်းတိုက်တာ၊ ပူးပေါင်းတိုက်ခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခြေစိုက် တပ်စခန်းနေရာဘက် စစ်ကောင်စီကာ စစ်ကြောင်းထိုးလာရင်တော့ ခုခံတိုက်ခိုက် တာတွေတော့ လုပ်နေတယ်။ ပြောချင်တာက ဖောင်းဆိုင် ဝန်းကျင်မှာတော့ ကျွန်တော်တို့ တပ်ရင်း ၃၆ နယ်မြေ ဟုတ်တယ်။ တပ်မဟာ ၆၊ တပ်ရင်း ၃၆ နယ်မြေ ဟုတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ တပ်စခန်း နေရာဘက် စစ်ကောင်စီက စစ်ကြောင်းထိုးလာရင်၊ သူတို့တိုက်ပွဲဖြစ်လို့ ကျွန်တော်တို့ဘက် ဝင်လာရင်တာရှိရင် ကျွန်တော်တို့က ခုခံတိုက်ခိုက်နေတာတော့ ရှိတယ်။” လို့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

လတ်တလော စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့တိုက်ပွဲကြား လက်နက်ကြီးကြောင့်  အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး စစ်ပြေးဒုက္ခသည် ၂၂၈၀ ရှိကာ ၎င်းတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

Bum Shep

Read Previous

ပြည်သူ့ခုခံတော်လှန်ရေးစစ် စတင်ကြောင်း ယာယီသမ္မတ ကြေညာ

Read Next

စစ်ကောင်စီ စစ်ကြောင်းများ တရုန်သို့သွားမည့်လမ်းကို KIA ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေ

Leave a Reply

Your email address will not be published.