သတင်း

နမ့်ခမ်း ရဲစခန်း ဗုံးပေါက်၊ ရဲတစိဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ်နယ်စပ် မြို့ တစ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ရှိ ရဲစခန်းမှ ယမန်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ည ဟုတ်တယ်။ ရဲစခန်းမှာ။ ည ၇ နာရီ ၁၀ မိနစ်ခန့်။ သတင်းက မှန်တယ်။ မှန်တယ်။ ရဲစခန်းမှာကို ပစ်ထည့်လိုက်တာ။ ရဲတစ်ယောက်တော့ထိတယ်။ မသေဘူးပြောတယ်။ အနီးကနေ သွားမကြည့်ဘူး။” လို့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
ရဲစခန်း အနောက်က ရဲကင်းတဲ၊ ကင်းစောင့်တဲ့ နေရာအနီး ဆိုင်ကယ်စီးလာတဲ့ လူ ၃ ဦးက လာပစ်တာဖြစ်ပြီး ဗုံး၂ လုံးပေါက်ကာ ရဲတစ်ဦးဒဏ်ရာရ ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးဆီက သိရပါတယ်။
နမ့်ခမ်းမှာ တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး ဗုံးပစ်ထည့်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့က ပစ်သွားတာကိုတော့ မသိရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ကစ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် အခြေအနေ အဖြစ်ကြေညာပြီးနောက် နေရာ တော်တော်များများမှာ  ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
Show More

Related Articles

Back to top button