တိုက်ပွဲသတင်း

တနိုင်း ရှင်ဗွေယန်လမ်းမပေါ် စစ်ကောင်စီ မိုင်းခွဲတိုက်ခိုက်ခံရ

တနိုင်း-ရှင်ဗွေယန်သွားလမ် လဂျားဘွမ့်အနီးတွင်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးသူရှိကြောင်း သိရသည်။

ယမန်နေ့က ရှိန်လုံကျေးရွားတွင်ရောက်ရှိနေသော စစ်ကောင်စီ တပ်သည် ယနေ့ နံနက် လဂျာဘွမ့်ဘက်သို့ထွက်လာစဉ် ၈ နာရီခန့်တွင် အဝေးထိန်း မိုင်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အပြန်လှန်တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဗမာစစ်သားတွေက လဂျာဘွမ့်ဘက်ကို တက်လာတယ်။ KIA က စောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်မှုတွေက အသေးစိတ်မသိရသေးဘူး။ ထိခိုက်မှုကရှိနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေက အပြန်အလှန်တိုက်ပွဲပြင်းထန်ဖို့ရှိတယ်။ အပြန်အလှန်စောင့်ကြည့်နေတဲ့အနေအထားမှာရှိတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်အဖွဲ့နှင့် KIA တို့ လဂျားဘွမ့်အနီးတဝိုက် မီတာ ၁ ထောင်ခန့်အကွာတွင် အပြန်အလှန် စောင့်ကြည့်နေသည့် အခြေအနေဖြစ်နေပြီး နေ့လည် ၁၂ နာရီ အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သူက ဆိုသည်။

လဂျာဘွမ့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ပြင်ဆင်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button