လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ရက်နေ့ ညနေပိုင်း ၅နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူငယ် ၂ ဦးကို အာဏာသိမ်းစစ်တပ်က စစ်ကား ၃စီးဖြင့် လျှပ်စစ်ရုံးဝင်းအတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု နန်းမားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“လျှပ်စစ်ရုံးအတွင်းမှာကို ဝင်ဖမ်းသွားတယ်လို့ သူတို့ရဲ့ အရာရှိတစ်ယောက်က ကျနော့်ဆီအကြောင်းကြားလာတယ်။ ဘယ်တပ်က ဖမ်းတယ်ဆိုတာလည်း မသိရဘူးတဲ့။ အခုက စုံစမ်းနေဆဲလို့ဘဲပြောနေတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ဦးမှာ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ဦးမှာ အသက် ၂၅ နှစ် ကို အောင်ဆန်းဝင်း နှင့် ၂၆ နှစ်အရွယ် ကို ကျော်ကျော် တို့ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသည့်အပြင် အဆက်အသွယ်မရရှိသေးကြောင်း သူက ဆက်ဆိုသည်။

နန်းမားမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေပြီး လက်ရှိချိန်အထိ ဖမ်းဆီးခံထားရသည့် သူများလည်းရှိနေသည်။

မြစ်ကြီးနားမြို့လယ် ကျောက်စိမ်းတိုင်အနီးတွင်လည်း ယမန်နေ့ညနေပိုင်း ၄ နာရီခွဲဝန်းခန့်က လူငယ် ၇ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Show More

Related Articles

Back to top button