တိုက်ပွဲသတင်း

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မြစ်ကြီးနားမြို့  ၂၁ မိုင်ဂိတ်အနီးတွင် စက်တင်ဘာ ၁၅ ရက် ၈ နာရီခန့်က ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ည ၉ နာရီခွဲမှ ၁၀ နာရီအတွင်း လိုင်ဇာမြို့အနီးရှိ ခယာဘွမ်နှင့် ဘွမ်ရေဘွမ်ဘက်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများတွင် ဖော်ပြထားသည်။

“တခြားဘက်ကတော့ မကြားဘူး၊ ခယာဘွမ်ကနေ ပစ်တာတော့ ၅ ကြိမ်လောက်ကြားပြီ။ ဘယ်ဘက်ကို သွားကျလဲတော့ မသိတော့ဘူး။” ဟု ခယာဘွမ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်သံကို လိုင်ဇာမြို့မှ ကြားရကြောင်း လိုင်ဇာမြို့ခံများကလည်း ပြောဆိုသည်။

ထို့အပြင် မြစ်ကြီးနား ၂၁ မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပစ်ခတ်သံအချို့ ကြားရပြီးနောက် လေယာဉ် ၂ စီး လာရောက်ပျံဝဲခဲ့ကြောင်း မရမ်းဒေသခံများပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တနိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျန်သည့်နေရာများတွင်မူ ပစ်ခတ်သံများ ငြိမ်သက်နေသည်။

Show More

Related Articles

Back to top button