သတင်း

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ကာမိုင်းမြို့  မအူပင် ကျေးရွာတွင် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့ ည က ပစ်သတ်ခံထားရကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကာမိုင်း ကောင်ရာ  ရပ်ကွက် ၁ တွင်နေထိုင်သူဖြစ်ကာ ယမန်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်က မအူပင်တါင် ပစ်သတ်ခံရပြီး မည်သည့်အဖွဲ့ အစည်းက လာရောက် ပစ်သတ်ထားသည်ကို မသိရကြောင်း ကာမိုင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်သတ်ခံရတာက မအူပင်စုမှာ သေနေတဲ့အလောင်းတွေ့ရတယ်။ ရှေ့ကနေ ပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေ့တယ်လို့ ပြောနေကြ တယ်။ အခုချိန်ထိ ဘယ်အဖွဲ့အစည်းက ပစ်တယ်လို့မသိရဘူးတဲ့။” ဟု ပြောဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၄၀ အရွယ် ဦးမရန်ဇော်ဖန် ဆိုသူဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

ဦးမရန်ဇော်ဖန် မှာ မူယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး ရောင်းဝယ်မှုလည်းရှိကြောင်းနှင့် လက်ရှိသေဆုံးနေသည့်နေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၁ရက်နေ့ကလည်း မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင် သည် ကာမိုင်းနှင့် မအူပင်ကြားတွင် က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button