,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ဖားကန့်တွင် ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်ခိုင်း

Hpakant

ဖားကန့်အဝင်ဆိုင်းဘုတ်

ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော်လည်း စစ်ကောင်စီမှ ပုဂ္ဂလိကဘဏ်အချို့ကို ပြန်လည်ဖွင့်ခိုင်းထားကြောင်း နီးစပ်သူများထံမှ သိရသည်။

“ကျနော်တို့ သိရသလောက်တော့ စစ်တပ်ကနေပြီး သူတို့ရဲ့ wifi လိုင်းနဲ့ ကုဒ်နံပါတ်ချပေးထားပြီး ဖွင့်ထားခိုင်းတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၀ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းဖြတ်တောက်ပြီး နှစ်ပတ်အကြာတွင် ပုဂ္ဂလိကဘဏ်များဖြစ်သော ကမ္ဘောဇဘဏ် နှင့် ဧရာဘဏ် နှစ်ခုတို့သည် စစ်တပ်၏ wifi နှင့် ဖွင့်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ယင်းဘဏ်များတွင် ငွေလွှဲ၊ ငွေထုတ်လွယ်ကူသော်လည်း ဘဏ်အပ်ငွေများ ထုတ်ယူရာတွင် ယခင်ထက်ပိုမို ခက်ခဲလာကြောင်း သိရသည်။

“ငွေထုတ်တာတော့ အရင်ကလိုဘဲ တစ်ပတ်တစ်ကြိမ် ကြာသာပတေးနေ့ ထုတ်ပေးတယ်။ ဒါပေမယ့် အများဆုံး ၁၀သိန်း အောက်ဘဲ ထုတ်လို့ရတယ်။ ငွေ amount အများကြီး မရတော့ဘူး။ ငွေသွင်းတာတော့ အကန့်သတ်မရှိသွင်းလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ် အာဏာမသိမ်းခင် တစ်ပတ်လျှင်တစ်ကြိမ် ဘဏ်အပ်ငွေ သိန်းတစ်ရာအောက် ထုတ်ခွင့်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် တစ်ပတ်လျှင်တစ်ကြိမ် သိန်း ၂၀အောက် ထုတ်ယူခွင့်ပြုခဲ့သည်။

ထို့နောက် ဩဂုတ်လ ၂၀ရက်နေ့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် တစ်ပတ်လျှင်တစ်ကြိမ် ၁၀သိန်းအောက်သာ ထုတ်ယူခွင့်ရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အသေးစား ငွေလွှဲဝန်ဆောင်မူလုပ်ငန်းများသည်လည်း အင်တာနက်အခက်ခဲများကြောင့် သိသိသာသာလျော့နည်းသွားကြောင်း သိရသည်။

“အင်တာနက်ဖြတ်လိုက်တော့ အစစအရာရာ ပိုခက်ခဲသွားတယ် wave ကနေလွှဲရင် လွှဲတဲ့ချိန်လည်း တစ်သိန်းမှာ ၃၀၀၀ ပေးရတယ်တဲ့။ ဒီမှာထုတ်ပြန်ရင်လည်း ၃၀၀၀ ထပ်ပေးရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် မိုဘိုင်းအင်တာနက်လိုင်းနှင့် wifi လိုင်းများဖြတ်တောက်ခံရသည်မှာ တစ်လကျော်ရှိလာပြီး အချို့‌နေရာများတွင် Fiber Connection နှင့် IPstar  internet  Connection များ အနည်းအကျဉ်း အသုံးပြုနိုင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပထမဆုံး အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ဖြစ်သည်။

Read Previous

မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

Read Next

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ