,

Breaking News :

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက် ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် အုပ်စု၊ အောက်နမ့်ဟွယ်ရွာ ဘုန်းကြီးကျောင်းအနီးက Mytel တာဝါတိုင်နားမှာ စက်တင်ဘာ ၂၄ ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး မိုင်းထိမိကာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း လူမှု ကူညီရေးအသင်းဆီက သိရပါတယ်။

” လာပြင်ရင်း ဖြစ်သွားတဲ့ ပုံစံမျိုးပဲ။ သူတစ်ယောက်ထဲတော့ မဟုတ်ဘူး။ သူတို့ ဝန်ထမ်းတွေပါတယ်လေ။ လေး၊ ငါး၊ ခြောက်ယောက်လောက်ပါမယ်ထင်တယ်။ ထိတာက သူပဲ။ ညာဘက်ခြေထောက် ခြေဖျားကနေပြီးတော့ ခြေမျက်စိ မရောက်တရောက်လေးပေါ့။ ထိသွားတာ။ ခြေဖျားကနေပြီးတော့ ခြေမျက်စိ မရောက်ခင်လောက်ထိပေါ့နော်။ ညာဘက်ခြေထောက်။ ခြေဖျား ခြေဖမိုးပေါ့ ပြောမယ်ဆိုရင်။ အဲဒါပြတ်သွားတာ။” လို့  ကူညီ ပေး ခဲ့သူ တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိသူမှာ အသက် ၂၉ နှစ်အရွယ် ကိုအောင်သူ ဆိုသူဖြစ်ပြီး မန္တလေးမှ လာသော ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်း သိရပါတယ်။

လူမှုကူညီရေးအသင်းဖြစ်သောကြောင့် အကူအညီတောင်းခံမှုကိုသာ ကူညီပေးရပြီး ဖြစ်စဉ် အသေးစိတ် မသိဘူးလို့ ဆိုပါတယ်။

မိုင်းနင်းမိသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် ကွတ်ခိုင် ဆေးရုံကနေ လားရှိုးဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း “မနေ့ကတော့ ကျနော်တို့ ကွတ်ခိုင်ဆေးရုံ ပို့လိုက်တယ်။ ပြီးတော့ အဲကနေ ပြီးမှ လားရှိုး စစ်ဆေးရုံကို ကွတ်ခိုင်က အသင်းကပဲ ပြန်ပို့တယ်။ ကျွန်တော်တို့က ကွတ်ခိုင် ထိပဲ ပို့ခဲ့တယ်။” လို့ ပြောပါတယ်။

လက်ရှိ နမ့်ဟွယ်ကျေးရွာအနီးအနားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် ဒေသခံများကတော့ အလုပ်မသွားရဲပဲ ရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့ မိုင်တဲယ် တာဝါတိုင်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း ဖုန်းတာဝါတိုင်တစ်ဝိုက်မှာ ကင်းစောင့်ပြီး မိုင်းချထားတာမျိုးရှိကြောင်း သိရပါတယ်။

Photo Crd# ပါရမီလူမှုကူညီရေးအသင်း၊ ၁၀၅ မိုင်

Read Previous

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

Read Next

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

Leave a Reply

Your email address will not be published.