တိုက်ပွဲသတင်း

မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရှိ စစ်ဗျူဟာကုန်းတွင် ယနေ့ နေ့လည်ခန့်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မုံးကိုး ဗျူဟာကုန်း၊ မုံးကိုး အထကကျောင်း အနီးတဝိုက်မှာ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ခန့်ကစတင်ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်တယ်။ ကျွန်တော်တို့ လည်းကြောက်လို့ ထွက်မကြည့် ရဲဘူး” လို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ကိုးကန့်တပ်ဘက်က လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား နေရာအနှံ ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူ ၈၀၀ ကျော်လည်း စစ်ပြေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၇ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး ၃ ဦး မိုင်းနင်းမိသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button