သတင်း

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang La Raw) သည် အောက်တိုဘာ ၁၆ ရက်နေ့လည်ပိုင်းက ယူကေ နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံကနေ ယူကေကို ပြန်ရောက်ပြီးနောက် Covid-19 ရောဂါကြောင့်ပြင်းထန်စွာ ဖျားလာတဲ့အတွက် ICU မှာ ဆေးကုသနေစဉ်မှာပဲ ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ကချင်အမျိုးသားရေးလုပ်ငန်းမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးပါးမှုကို ဝမ်းနည်းကြောင်း ကချင်လူထုအချို့ကလည်း Facebook ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။
ဒူဝါဘောမ်ဝမ်လရော်သည် ကချင်လူမျိုးတွင် ငွေကြေးချမ်းသာသူဟု နာမည်ကြီးပြီး ၁၉၉၄ ခုနှစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက် ၁၉၉၉ ခုနှစ်မှစတင်ကာ ကချင်အမျိုးသားအစည်းအရုံး KNO အဖြစ် ပြည်ပတွင် ဖွဲ့စည်းခဲ့ပြီး ကချင်အမျိုးသားရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ထို့အပြင် ဦးသိန်းစိန်လက်ထက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစုပေါင်းသော UNFC အဖွဲ့တွင်လည်း KIO ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။
KNO သည် သီးခြားကချင်နိုင်ငံထူထောင်ရန် မူဝါဒဖြင့် ကြိုပမ်းနေသောအဖွဲ့ဖြစ်ကာ ပြီးခဲ့သည့် မေလခန့်က ရှမ်းမြောက် မုံးကိုးဒေသတွင် အထူးတပ်မဟာ ၁၀၈ ကို တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။

Related Articles

Back to top button