သတင်း

ပန်ဆိုင်းဘက်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်‌နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ယနေ့ နေ့လည်ပိုင်းကစပြီး နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“နမ့်ဘာတက် သင်္ချိုင်းကုန်း အပေါ်ဘက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစ ပစ်နေတယ်။ ပစ်လိုက်နားလိုက် ပစ်နေဆဲပဲ။” လို့ နမ့်ဘာတက် ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ထပ် ပန်ဆိုင်း မြို့ခံတစ်ဦးကလည်း “ပန်ဆိုင်းနဲ့ ၄ မိုင်လောက်ဝေးတဲ့ ယိခူးရွာဘက်မှာလည်း အခု လက်ရှိတိုက်ပွဲ ဖြစ်နေတယ်။ ၁ နာရီ မိနစ် ၂၀ လောက်ကစ ပစ်နေတယ်။ လက်နက်ကြီးလည်းပါတယ်။ ဗုံးသံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။

အခုလို နေရာအနှံ့ ကြိုကြား ကြိုကြား တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့အပြင် နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ လယ်ယာခြံမြေ သွားဖို့ အခက်အခဲ ဖြစ်ကာ စပါးရိတ်သိမ်းဖို့ လည်း အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့နယ်အတွင်း ယခုလထဲ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကာ ‌တိုက်ပွဲ‌ ‌ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုတွေ များပြားလာတဲ့အပြင် နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။

Bum Shep

Show More

Related Articles

Back to top button