,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

မုံးကိုး နှင့် သိန္နီ မြို့နယ်မှာ စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကား ၉ စီးကို ဖျက်ဆီးခံရ

စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ နိုဝင်ဘာ ၁၁ ရက်နေ့က မုံးကိုး နှင့် သိန္နီ မြို့နယ်တွေမှာ တိုက်ပွဲ‌ ဆက်လက် ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်မှ စစ်ကူလာတဲ့ ယာဉ်တန်းအနက် စစ်ကား ၉ စီးကို MNDAA က ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။

“မန်းယန် ဘက်မှာတော့ သူတို့ (စစ်ကောင်စီ) အကြီးအကျယ် လှုပ်ရှား နေကြတယ်။ နောင်ထွဲဘက်မှာရော။ မန်းယန်မှာ ဗျူဟာ ၁ ခု ထိုင်တယ်။ ဖောင်းဆိုင်မှာ ရောပဲ။ မနက်ဖြန် သဘက်ခါ ဘယ်လို ဖြစ်လာမလဲတောင် မသိဘူး။” လို့ ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက သိန္နီမြို့နယ် နမ့်စလပ် မှ ကိုးကန့် ကွမ်းလုံဒေသသို့ စေလွှတ်လိုက်တဲ့ စစ်ကူကား ၂၈ စီးကို ကိုးကန့် MNDAA မှ အဆင့်အဆင့်  ကြားဖြတ်တိုက်ခိုက်ရာ စုစုပေါင်း ကား ၉ စီး ဖျက်ဆီးခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့ကပဲ စစ်ကောင်စီက မုံးကိုး ပန်ရင်လပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်  ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ မုံးကိုးမြို့နယ် မန်ဖာရွာ နှင့် သိန္နီမြို့နယ် ပန်လုံရွာ တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိ အဆိုပါနေရာများရှိ ပြည်သူများကို အမြန်ပြောင်းရွေ့ရန် စစ်ကောင်စီဘက်မှ ပြောဆိုနေကြောင်း မုံးကိုးဒေသခံတစ်ဦးကပြောပါတယ်။

“စစ်ကောင်စီက ရွာထဲမှာ တယောက်မှ မနေခိုင်းတော့ဘူးခု နမ့်ဟာ၊ ကောင်းလုံမှာ။ အားလုံး မုံးကိုးဘက် ပြောင်း လာခဲ့ပြီ။ စစ်ကောင်စီ တပ်က ကောင်းလုံမှာ ‌နေနေတယ်။ ရွာမှာ နေရင် ရန်သူလို့ သတ်မှတ်လိုက်တာကို သူတို့က။” လို့ မုံးကိုး စစ်ရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်‌ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစ မုံးကိုးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး သိန္နီမြို့နယ် အတွင်း မှာလည်း ဩဂုတ်လ ကစ ကြိုကြား တိုက်ပွဲ ဖြစ်ပွား နေတာ လည်း ဖြစ်ပါတယ်။

Bum Shep

Read Previous

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ

Read Next

အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ

Leave a Reply

Your email address will not be published. Required fields are marked *