,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

မူဆယ် နမ့်ပန်းရွာလမ်းမှာ ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းရွာသွားလမ်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ခရီးသည်ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သေဆုံးသူနဲ့ နီးစပ်သူတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။

“စိတ်မကောင်းပါဘူး။ အိမ်က အမျိုးသားရဲ့ အသိပါ။ ကား အတူတူ ဆွဲတာ။ ကားလုသွားတာပါ။” လို့ အသိ အမျိုးသီး ၁ ဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ မြန်မာ-တရုတ် အဝင်၊ အထွက်ဂိတ် နန်းတော်ပေါက်နားက မူဆယ်-နမ့်ခမ်း ကားဂိတ်မှာ လိုင်းဆွဲနေတဲ့ အသက် ၅၄ အရွယ် ခရီးသည်တင် ယာဉ်မောင်းကိုမြအေးဖြစ်ပြီး ဘယ်ဘက်လက်ဖျံမှာ ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေပြီးကားကိုတော့ ပြန်လှည့်မောင်းသွားတဲ့ ကားဘီးရာများတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ယခင်သွားနေကျ ခရီးကိုလိုက်ပို့ရန် ကားငှားတာကြောင့် လိုက်ပို့ရာမှာ အသတ်ခံရကာ လိုင်စင်ရှိ WISH ကား အဖြူရောင်ကို လုယက်ခံရကြောင်း ယာဉ်မောင်း အသိ ၁ ဦးက ပြောပါတယ်။

မူဆယ်မြို့မှ ၄ မိုင်ခန့်အကွာ၊ အောက်တုံခန်ရွာ မရောက်ခင် မူဆယ်-လားရှိုးပြည်ထောင်လမ်းမကြီးပေါ်က‌နေ ဘယ်ဘက်ချိုးကာ ကားနဲ့  ၁၀ မိနစ်ခန့် အဝင် မြေညီလမ်းပေါ်မှာ သတ်ဖြတ် ခံရတယ် လို့ဆိုပါတယ်။

ကာယကံရှင်မသေဆုံးခင် ကားပိုင်ရှင်ထံကို ဖုန်းဆက် လာသေးတာကြောင့် ဖြစ်စဉ်ကို သိရကြောင်း “ပိုက်ဆံအိတ်နဲ့ ဖုန်းတော့ ထားခဲ့တယ်။ ပိုက်ဆံအိတ်က သူ့ခါးမှာပဲ ချိတ်ထားတယ်။ မယူသွားဘူး။ ကားပဲ ယူသွားတာ။ သူမသေခင် ကားအုံနာဆီကို ဖုန်းဆက်တယ်။ ကားက လိုင်စင်ကား။ ခရီးသည်တွေပဲ မျှားခေါပြီး သတ်သွားတာလား တော့မသိဘူး။” လို့ နီးစပ်သူ ၁ ဦးကလည်း ရှင်းပြပါတယ်။

အခင်းပွားရာကို မူဆယ်မြို့မှ တာဝန်ရှိသူ‌တွေ၊ ယာဉ်မောင်းရဲ့မိသားစုဝင်‌တွေ ၊နှလုံးလှ လူမှုကူညီရေးအသင်းဝင်‌တွေက သေဆုံးသူရဲ့အ‌လောင်းကို သွားသယ်ဆာင်ခဲ့ကာ မူဆယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း “မနေ့က နမ့်ပန်ရွာအနီးအသတ်ခံရတဲ့ အမျိုးသားအလောင်းကို အချိန်နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေးခဲ့တယ်” လို့ ၎င်း အသင်းက တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

သေဆုံး ယာဉ်မောင်းကို လှည့်ဖြားခေါ်ဆောင်ကာ သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့တဲ့ အမည်မသိသူများကို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်းသိရပါတယ်။

မူဆယ်မြို့နယ်အတွင်း ဆိုင်ကယ်ရီများ၊  ယာဉ်မောင်းများ၊ ဆိုင်ကယ် ဈေးသည်များ မကြာခဏ လုယက် သတ်ဖြတ်ခံနေရတာလည်းဖြစ်ပါတယ်။

Bum Shep

Photo Crd# နှလုံးလှ ပရဟိတ အသင်း

Read Previous

မုံးကိုးမြို့နယ် မှာ စကစ နဲ့ MNDAA တို့ တိုက်ပွဲ ထပ်မံ ပြင်းထန်နေပြီး အရပ်သား တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

Read Next

ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ငွေကြေးတောင်းခံနေ

Leave a Reply

Your email address will not be published. Required fields are marked *