တိုက်ပွဲသတင်း

ရွှေကူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

ရွှေကူမြို့နယ် တောင်ကတုံးကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့ မြစ်ကြောင်းတစ်လျှောက် ခြေကျင်ဖြင့်တက်လာခဲ့သည့် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီကနေ့ တိုက်ပွဲဖြစ်တာက ရွှေကူမြို့ရဲ့ အထက်ဘက်မှာ ဖြစ်တယ်။ ရွှေကူဘက်ကနေဘဲ စစ်ကြောင်းတက်လာတာဟုတ်တယ်။ KIA က ကြားဖြတ်ဝင်တိုက်တယ်”ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် လက်နက်ကြီးများဖြင့် ၁နာရီခန့်အကြာ ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကျကြောင်းနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရကြောင်း သူက ဆက်ဆိုသည်။

ရွှေကူမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသော နေရာဖြစ်သည်။

Show More

Related Articles

Back to top button