,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲမှာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်ကစ မုံးကိုး ဗျူဟာကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“နာရီဝက်လောက်ရှိပြီ။ အကြီးရော အသေးရော အသံကြားနေရတယ်။ ကြားရတာ မုံးကိုး မန်ဂျက်တောင်ဘက် ဖြစ်မယ်။ မုံးကိုးဗျူဟာ ကုန်းကနေ လက်နက်ကြီးတွေ ဒီမနက် ၁၀ နာရီဝန်းကျင်က မိန်စ် အနည်းငယ်ကြာအပြင်းအထန် ပစ်ပေးနေတယ်။ ပြန်ငြိမ်သွားပြီး နေ့လည် ၁၂ ဝန်းကျင် ကတည်းက နားလိုက် ပစ်လိုက် ဖြစ်နေတယ်။” လို့ မုံးကိုး ဒေသခံ တဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မုံးမြို့နယ် တခွင်လုံးမှာ လေယာဉ်ဖြင့် ပျံဝဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ဒီနေ့ လေယာဉ်က တရုတ်ဘက်ကလားမသိဘူး။ ဒီ နယ်စပ် တလျှောက်မှာ လိုက်ပတ် ပျံဝဲနေတယ်။” လို့ ဒေသ ခံ တဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ၁၄ မိုင်အနီး မန်ဟွမ်လမ်းဆုံမှာ မနက် ၁ နာရီ ခွဲခန့်ကစ ၂ နာရီ ကျော်အထိ၊ ချင်ချိုင့်ထန်တောင်မှာ မနက် ၉ နာရီ ၄၅ မိနစ်မှ နေ့လည် ၁၂ နာရီကျော်အထိ၊ ရှိစန်းဒေသ၊ ဝကျိရွာမှာ ညနေ ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ ကင်းလှည့်အဖွဲ့နဲ့ ၁၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖောင်းဆိုင် စစ်ကောင်စီ အမြောက်တပ်ကနေ MNDAA တပ်စခန်းရှိရာ ဆုတောင်းတောင်နဲ့ မန်းယန် ဘက်ကို တနေကုန် လက်နက်ကြီးကျည် ၆၀ ကျော်ခန့်ပစ်ခတ်ခဲ့ကြောင်း ကိုးကန့်ဘက်က နိုဝင်ဘာလ ၂၅ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မုံးကိုးမြို့နယ်သို့ အဆက်မပြတ် စစ်အင်အားတိုးချဲ့ စစ်ကြောင်းထိုးလာနေပြီး ကိုးကန့်  MNDAA နဲ့ သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက်သာမက ရှမ်းမြောက် နေရာအနံ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ၎င်း သတင်းအရသိရပါတယ်။

Bum Shep

Read Previous

ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်းတွင် မိုင်ပေါက်ကွဲမှုဖြစ်ပွား၊ ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Read Next

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

Leave a Reply

Your email address will not be published.