သတင်း

မြစ်ကြီးနား တရားရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားများ ထိခိုက်ပျက်စီးမှုရှိ

မြစ်ကြီးမြို့ တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရှေ့တွင် ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း တရားရုံးရှေ့တွင် ရပ်ထားသည့် အိမ်စီးကား ၃စီးခန့် ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
လက်ရှိ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရဘဲ ထိုနေရာတွင် စစ်ကောင်စီ ရဲများက စစ်ဆေးနေကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း တရားရုံးရှေ့တွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Related Articles

Back to top button