တိုက်ပွဲသတင်း

မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

မန္တလေးမှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာသယ်သင်္ဘော ၂စီး ယနေ့ နံနက်ပိုင်းက ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

“စစ်ကောင်စီဘက်က တော်တော်ထိ တယ်လို့ သိရတယ်။ ကျွန်တော်သိရတာတော့ ကျောက်တွင်းအထက်နားမှာ အလောင်းတွေ ရေထဲပစ်ချတယ်လို့ကြားတယ်” ဟု မြေပြင် သတင်းပေးပို့သည့် ဒေသရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ ဇန်န‌ဝါရီလ ၃ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာနှင့် လက်နက်များတင်ဆောင်လာသည့်သင်္ဘော ၂ စီးဖြစ်သည့်  ပုံညာ နှင့် ပြဒါးရှင်သင်္ဘောအား ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သုံးနေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ကသာခရိုင် ညောင်ခြေထောက်ကျေးရွာအနီး ကသာ PDF တပ်ဖွဲ့မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း TR Revolution ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် တိုက်ခိုက်ခံရသည့် အဆိုပါ သင်္ဘော ၂စီးသည် ယနေ့ည ညနေ ၅နာရီဝန်းကျင် ကသာရေဆိပ်တွင် ကပ်သွားပြီး ဖြစ်ကြောင်း သိရသည်။

” မီးခိုးတစ်လိပ်လိပ်နဲ့ ကသာမှာ ညနေ ၅နာရီဝန်းကျင်လောက်မှာ ကမ်းကပ်သွားပြီ အနီးကပ်တော့ သွားကြည့်လို့အဆင်မပြေလို့ အခြေနေ အသေးစိတ်တော့ ပြောဖို့ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မကြာခန ဆိုသလို ဒေသခံတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုခံရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ထိ တိုက်ခိုက်ခံရမှု ၃ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button