,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား ၂ ဦး

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

“မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး မီးသွေးလုပ်တဲ့ဘက်ကို အလုပ်သွားရင်း ဖမ်းခံရတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင် ဇခုန်ဇော်မုန်ရာ နှင့် ကပ်မှော်ကျေးရွာမှ ၃၀ ကျော်အရွယ် မောင် လဘန်ယောဟန်တို့ ဖြစ်သည်။

ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ဆိုင်းဖရာကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာတွင်ဖြစ်ပြီး ဖားကန့်ဘက်မှ ဆင်းလာသောစစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

ယခင်ရက်ကတည်းကလည်း အဆိုပါဒေသရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယနေ့ နံနက်တွင် အဆိုပါ ၃ ဦးကိုလွတ်ပေးကာ နောက်ထပ် လူသစ် ၂ ယောက်ကို ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို မည်သည့်နေရာတွင် ထားရှိကြောင်းကို မသိရသေးကြောင်း ဒေသခံများပြောသည်။

“သူတို့ ၂ ယောက်ကို ဘယ်ကို ခေါ်သွားလဲ မသိသေးဘူး။ နမ့်ယာ စစ်တပ်ကလား၊ ဘယ်ကို ခေါ်သွားလဲ မသိဘူး။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူ လူငယ် တစ်ဦး၏ မိခင်ဖြစ်သူမှာ သူ၏သားကို အမြန်လွတ်ပေးရန် KNG မှတဆင့် တောင်းဆိုထားသည်။

ဖားကန့်လမ်းတွင် ပြီးခဲ့နှစ် ဇူလိုင်လကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

Read Previous

မန္တလေးမှဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီး တိုက်ခိုက်ခံရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်

Read Next

စစ်ကောင်စီထုတ် ဘီယာများကို ရောင်းဝယ်ခြင်းမပြုရန် KIO မြစ်ကြီးနားခရိုင် သတိပေး

Leave a Reply

Your email address will not be published.