သတင်း

တိရိစ္ဆာန်မျိုးပေါင်း ၂၀ ကျော်ခန့်ပါသော တိရိစ္ဆာန် ဥယျာဉ်တစ်ခု မြစ်ကြီးနားမြို့ပြင်တွင် ဖွင့်လှစ်ရန် စီစဉ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြိုပြင် လွယ်ခေါကျေးရွာတွင် ဆောက်လုပ်ထားပြီဖြစ်သော Victory Garden တိရိစ္ဆာန်ဥယျာဉ်တစ်ခုကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တိရိစာန်အမျိုးပေါင်း ၂၀ ကျော် ဖြင့် စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

“အခု အားလုံးကတော့ ပြီးသလောက်ရှိနေပြီ။ အခုက အချောပိုင်းဝင်နေသေးတယ်။ အခုရက်သတ်မှတ်ထား တယ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖွင့်ပွဲလုပ်မယ်။ အခုက တိရိစာန်မျိုးစုံက ၂၄ မျိုးလောက်ရှိတယ်။ လောလောဆယ်အကြီးဆုံးကတော့ ငှက်ကုလာအုပ်တွေ ထားထားတယ်။ အကောင်တွေကတော့ အခုကချင်ပြည်နယ်မှာထွက်တဲ့အကောင်တွေကတော့ တော်တော်များများစုံနေပါပြီ’’ ဟု ယင်း တိရိစ္ဆာန်ဥယျာဉ်ပိုင်ရှင်က ပြောသည်။

အဆိုပါ တိရိစ္ဆာန်ဥယျာဉ် ဖွင့်လှစ်ခဲ့ပါက နေ့၊ ည ၂၄ နာရီဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ၃၀၀၀ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၂၀၀၀ ကျပ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းတိရိစ္ဆာန်ဥယျာဉ်မှာ ကချင်ပြည်နယ်တွင် ပထမဆုံးဖြစ်လာမည့် ဥယျာဉ်ဖြစ်ပြီး တိရိစာန်ဥယျာဉ်ဖွင့် လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဥယျာဉ်ပိုင်ရှင်က ယခုကဲ့သို့ပြောသည်။

‘’ရည်ရွယ်ချက်ကတော့ ကိုယ့်ပြည်နယ်သာယာအောင်ပေါ့။ တခြားမြို့တွေမှာသွားလည်တဲ့အခါ တိရိစ္ဆာန်ဥယျာဉ်လေးရှိတော့ ကိုယ့်ကချင်ပြည်နယ်မှာလည်း တိရိစ္ဆာန်ဥယျာဉ်လေးရှိစေချင်တယ်။ ကချင်ပြည်နယ်ကို လာလည်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွင့်တာပါ’’ ဟု ၎င်းကပြောသည်။

အဆိုပါတိရိစ္ဆာန်ဥယျာဉ်ကို မြစ်ကြီးနားဒေသခံ လုပ်ငန်းရှင်တစ်ဦးက ဖွင့်လှစ်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button