သတင်း

ကသာတွင် ပြည်သူစစ်ဖွဲ့ရန် စစ်ကောင်စီတပ်မှ လူတောင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်လုပ်ရန် ဟုဆိုကာ  ကသာမြို့နယ်အုပ်ချုပ်ရေးရုံးမှ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

“ကသာထွေအုပ်ကနေ ရပ်ကွက်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေခေါပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့ဖို့ တစ်ရွာကို လူ ၂၀ ပေးဖို့ တောင်းထားတယ်လို့ကြားရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ လူစာရင်းအား ဇန်နဝါရီလ ၆ ရက်နေ့ ကသာအထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

” ခုထက်ထိ ကျမတို့ရပ်ကွက်မှာ လူစာရင်းလာကောက်တာတော့ မရှိဘူး။ ထွေအုပ်က လူတောင်းတယ်ဆိုတာတော့ သတင်းကြားမိတယ်” လို့ ‌ကသာမြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း အရပ်သားပြည်သူများအား အုပ်ချုပ်ရေးမှုးမှတစ်ဆင့် ယခုကဲ့သို့ တောင်းဆိုခြင်းသည် ပထမအကြိမ်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ကသာမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထိရှိလာပြီဖြစ်သည်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့မှစကာ  မိုးတားလေးကျေးရွာတွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁၈ရက်နေ့ နှောင်ပိန်းကျေးရွာတစ်ကြိမ်နှင့် ၂၀၂၂ ဇန်နဝါရီလ ၁၂ရက်နေ့ မိုးတားကြီးကျေးရွာတစ်ကြိမ် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်အောင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တပ်တို့ဖြင့် တိုက်ပွဲပြင်းထန်းမှုများရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသော ပြည်သူ ၂၀ ဦးထက်မနည်း လည်း ရှိနေဆဲဖြစ်သည်။

ကသာမြို့နယ်သည် ဧရာဝတီမြစ်ကမ်းတွင်တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ လှုပ်ရှားနေပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့လာသော သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။

Show More

Related Articles

Back to top button