,

Breaking News :

မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို

မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်

လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး  စစ်ကောင်စီအထိနာ

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

ကသာနယ် အင်းရွာမှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ

photo – Katha Revolution

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းရွာဒေသခံများ ယမန်နေ့ ညမှစကာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်းရွာ ဒေသခံပြည်သူများအား PDF တပ်ဖွဲ့ဝင်များအား ထမင်းချက်ကျွေးသည်ဟုဆိုကာ ရွာအတွင်း စစ်ဆေးမေးမြန်း သောင်းကျန်းခဲ့သည့်အတွက် ယမန်နေ့ညမှစကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦး ယခုလို ပြောသည်။

“ဟိုနေ့က ရွာသားတွေက PDF တွေကို ထမင်းချက်ကျွေးလို့တဲ့ စစ်ကောင်စီက ရွာထဲသေနတ်ဖောက်သောင်းကျန်းတာ ဥက္ကဌအိမ်လည်း မီးရှို့ခံလိုက်ရပြီ ခုရွာသားတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် အင်းရွာ ကျေးရွာ တပ်စွဲနေထိုင်ရာမှ ယနေ့နံနက် ထွက်ခွာသွားသော်လည်း ဒေသခံများအနေဖြင့် သွားရောက်နေထိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်တစ်လျှာက် ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ်မူ လုပ်ဆောင်လာသည်မှာ ၄ကြိမ်ခန့်ရှိလာပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာဦးရှိ လောကသရဖူ ဘုရားကုန်းတွင်တည်ထား ကိုးကွယ်သော စေတီတော်နှင့် အာရုံခံတန်ဆောင်း အပါအဝင် အနီးနားရှိနေရာများတွင် ဂျက်လေယာဥ်ဖြင့် စက်သေနတ်ပစ်ပြီး ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသရင်းမြစ် ဖော်ပြချက်အရ သိရသည်။

ယင်းကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကာ ဇရစ်ခူးပြန်လာသူ ဦးနတောင် ၅၀ နှစ်မှာ နှဖူးထိမှန်ပြီး ဘုရားရင်ပြင်တွင်ဆော့ကစားနေသည့် အသက် (၈)နှစ်အရွယ်မောင်ကျော်ဝေမိုးသည် ကျောကုန်းတွင်ဗုံးစထိမှန်ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အတွင်း ဒေသခဲကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပိုမိုပြင်းထန်လာဆဲဖြစ်သည်။

Read Previous

မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး

Read Next

တာလောကြီးဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာ