,

Breaking News :

ကပ်ဘေးနှစ်ခုကို အံတုရင်း ကြပ်တည်းလာသော လူနေမူဘဝ

မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ

နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သဖြင့် ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးနေရ

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့

ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်

သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ

မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

မြစ်ကြီးနားမြို့  လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းစခန်းတွင် ယနေ့ နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဘက်က ပြန်လည်ပစ်ခတ်ရာ ဘေးနားအိမ်ရှိ ၇နှစ်သားအရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ကလေးငယ်မှာ အဆိုပါ ရဲတပ်ရင်းစခန်းဘေးရှိ လယ်ကုန်း ကျွန်းပင်သာရပ်ကွက်အစပ်တွင်ရှိသော နေအိမ်ဖြစ်ကာ သေနတ်ကျည်ဆံသည် နေအိမ်တွင်ရှိနေသော ကလေးငယ်ကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကလေးက အခန်းထဲမှ လဲနေတယ်တာတဲ့။ သေနတ်ကျည်က နံရံကို ဖောက်ဝင်ပြီး ကလေးရဲ့ ရင်ဘတ်ထဲကို ထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

သေနတ်ထိမှန်သေဆုံးသွားသည့် ကလေးကို အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များက ဆေးရုံဘက်ကို ကားဖြင့် သယ်ဆောင်သွားသည်ဟုလည်း သူက ဆက်ဆိုထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၁နှစ်ပြည့်သည့်နေ့တွင် မြစ်ကြီးနားတွင် အသက်မပြည့်သည့် ကလေးငယ် တစ်ဦး ထပ်မံ သေဆုံးရခြင်း ဖြစ်သည်။

Read Previous

ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ

Read Next

ကွတ်ခိုင် စစ်တပ်စခန်းတစ်ခုကို KIA ဗုံးဖြင့် သွားရောက်ပစ်ခတ်။

Leave a Reply

Your email address will not be published.