တိုက်ပွဲသတင်း

ကွတ်ခိုင် စစ်တပ်စခန်းတစ်ခုကို KIA ဗုံးဖြင့် သွားရောက်ပစ်ခတ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရှိ အာဏာသိမ်းစစ်တပ် ခလရ ၂၇၁ တပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက် တွင် ဗုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
 
ယနေ့မနက် ၇ နာရီခန့် စစ်ကောင်စီတပ်သားများ တန်းစီနေချိန် KIA တပ်ရင်း ၈ မှ ဗုံးဖြင့် ၂ ကြိမ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
 
“ဒီမနက် စစ်တပ်စခန်းအတွင်း သူတို့တန်းစီနေတဲ့အချိန် ဗုံး နဲ့ ၂ ကြိမ်သွားပစ်ခဲ့တယ်။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိဘူး။ စစ်သားတွေ တန်းစီနေချိန် ပစ်ထည့်ပေးတာဆိုတော့ အများသေဆုံးနိုင်ခြေတော့ ရှိမှာပေါ့။” ဟုရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောသည်။
 
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက် သေဆုံး မှု အသေးစိတ်ကို မသိရသေးကြောင့် သူကပြောသည်။
 
ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်း ၊ မော်တောင်း ဘက်တက်လာချိန် ဆီဆိုင် နားသွားလာနေသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းအား KIA မှ ပစ်ခတ်ခဲ့ခြင်းကြောင်း စစ်တပ်ယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။
 
ရှမ်းမြောက်ဒေသဖြစ်သော မူဆယ်ခရိုင်တွင် စစ်ကောင်စီတပ်နဲ့ KIA ၊ ကိုးကန့် တပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်။
 
ပုံဟောင်းဖြစ်သည်။
Show More

Related Articles

Back to top button