တိုက်ပွဲသတင်း

မိုင်းယော် KIA တပ်မဟာ ၁၀ နယ်မြေမှာ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေဖြစ်သော လားရှိုးမြို့နယ် မိုင်းယော်(Mung Yaw) ဒေသတွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA ၊ KIA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက် ပစ်ခတ်နေကြောင်း သိရသည်။

ယနေ့မနက် ၉ နာရီခွဲမှစတင်ပြီး လုံဗစ်ကျေးရွာအနီးတွင် ကိုးကန့် MNDAA နှင့် KIA ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ စစ်အင်အား ၁၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုရှိသောကြောင့် လေယာဉ်သုံး လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“မုံးယော်အရှေ့ဘက် လွယ်ဂျတ်ဘွမ် (Loi Jak Bum) တောင်ခြေမှာ တိုက်ပွဲဖြစ်နေပြီ။ စစ်တပ်ဘက်က ကိုးကန့် နဲ့ KIA ရှိတဲ့နေရာကို တက်လာတာကို ဒီဘက်က ကြားဖြတ်စောင့်ကြိုပြီး ပစ်နေကြပြီ။ လက်နက်ကြီးသံတွေကြားနေရတုန်းပဲ၊ စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။” ဟု မုံးယော်ဒေသခံတစ်ဦး ပြောသည်။

စစ်တပ်ဘက်မှ ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ တောထဲထွက်ပြေးတိမ်ရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

Show More

Related Articles

Back to top button