သတင်း

ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဗျူစောထီးအဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးနှင့် ဗျူစောထီးအဖွဲ့ဝင်လေးဦး၊ ဒလံတစ်ဦး စုစုပေါင်းလေးဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဖြစ်စဉ်ကတော့ ညကိုးနာရီလောက်ကစတယ်ည ၁၁ နာရီလောက်မှာပြန်ထွက်ခဲ့ကြတာ အဖွဲ့သုံးဖွဲ့ခွဲပြီး တော့ ဝင်တိုက်ခဲ့တာဟုတ်တယ်။ အဲ့ဒီမှာ တစ်ဖွဲ့ကတော့ ပုလဲမြို့ရဲ့ အရှေ့ဘက်ခြမ်းအစွန့်ဆုံးကရဲစခန်း ကိုသွားတိုက်တယ်။ တစ်ဖွဲ့ကကြတော့ပုလဲမြိုု့ရဲ့မြောက်ဘက်အစွန်းဆုံးမှာရှိတဲ့ထွေအုပ်ရုံးကို ဝင်တိုက် တယ် နောက်တစ်ဖွဲ့ကြတော့ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့လက်ခံထားတဲ့ပုလဲမြို့ရဲ့အနောက် ဘက်ခြမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို သွားတိုက်တယ် အဲ့မှာကတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ် ခဲ့တယ်။” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ သွားရောက်ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့သော်လည်း ပစ်ခတ်မှု ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပုလဲရဲစခန်းရှေ့တွင် ပြည် သူနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဒီသွားရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့တော့ မနေ့က ခြောက်ရက်နေ့မှာတော့ ပုလဲမြို့ကလူတွေ တစ်မြို့ လုံးမဟုတ်ပေမယ့် တော်တော်များများတော့ရှောင်နေကြတယ်။ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်း ရေးလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်လို့ပေါ့။ ပြီးရင်သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်းထုတယ် ရွာတွေပေါ်မှာ ကျတယ်လို့သိရတယ်။” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ယခုတစ်ကြိမ်ပထမဦးဆုံး ပူးပေါင်းတိုက်ခိုက်ရေးပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပုလဲမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း ပိုမိုလုပ်ဆောင်လာသောကြောင့် ပုလဲမြို့နှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေသူ လူဦးရေ တစ်သိန်းကျော် ရှိလာပြီဟု သိရသည်။

Show More

Related Articles

Back to top button