သတင်း

စိုက်ခင်းအတွင်း မီးရိူ့ထားသည့် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ရွာသာကျေးရွာအနီးရှိ စိုင်ခင်းတစ်ခုတွင် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းကိုဖေဖော်ဝါရီလ ၂၇ရက်နေ့တွေ့ရှိခဲ့ကြောင်းသိရသည်။
သေဆုံးနေသည့် အလောင် ၄လောင်းမှာ ထီးချိုင့်နယ်၊ရွာသာကျေးရွာနှင့် ဆပ်ပြေးရွာကြားရှိ ယူကလစ်စိုက်ခင်းထဲတွင်တွေ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၏ရုပ်အလောင်းများဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။
”အဲ့ဒီရုပ်အလောင်းတွေကသူတို့စစ်သားတွေကပဲရိူ့သွားတာဗျ။ မလောင်ဘဲကျန်နေတဲ့ ရုပ်အလောင်းတွေကို ပြည်သူတွေကထပ်ရိူ့ပေးလိုက်တယ်”ဟု ထီးချိုင့်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းရုပ်အလောင်းများတွေ့ရှိရသည့်ဖြစ်စဥ်အနီးတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ ဖေဖော်ဝါရီလ ၂၆ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ယင်းတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့်ရုပ်အလောင်းများကိုမီးရှို့ခြင်းဖြစ်နိုင်ကြောင်းသိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း ဗန်းမော်-မန္တာလေးအဝေးပြေးလမ်း မကြီးပေါ်၌ ထီးချိုင့်PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ပိုမိုများပြား‌လာနေဆဲဖြစ်ကြောင်း သိရသည်။
Show More

Related Articles

Back to top button