,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ကသာမြို့ ပျူစောထီးနှင့် တပ်ထောက်ခံသူများကို မိုင်းသင်တန်းများ ပို့ချပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့တွင် စစ်ကောင်စီတပ်မှ ပျူစောထီးနှင့် တပ်ထောက်ခံသူများအား မိုင်းဖောက်ခွဲနည်း သင်တန်းပို့ချ ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အရံအင်အားအဖြစ် အသုံးပြုရန် ပျူစောထီးအပါအဝင်၊ တပ်ထောက်ခံသူများက  မတ်လ ၁ ရက် ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ စတင်ကာ ကသာမြို့အမှတ် ၄ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ် ၂ ရဲစခန်းဝင်းတွင် မိုင်းဖောက်ခွဲနည်း လက်တွေ့သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း သိရသည်။

“နေ့လည်လောက်မှာ ဗုံးပေါက်သလို အသံတွေစကြားရတယ်။ ဆက်တိုက်ပဲ တိုက်ပွဲဖြစ်တယ်ထင်လို့ လူတွေထိပ်လန့်ကုန်တယ် နောက်တော့မှ သူတို့သင်တန်းပေးနေတယ်ဆိုတာ သိရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ကသာမြို့တွင် လွန်ခဲ့သည့်လများ၌ နေ့စဥ်ဆိုသလို ဌာနဆိုင်ရာဝင်းနှင့် အဆောက်အဦးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးရှိ စည်ပင်ဝင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စကစမှ မြို့တွင်းအရံအင်အားဖြည့်တင်းရန် ပျူစောထီးနှင့် တပ်ထောက်ခံသူများအား ယခုကဲ့သို့ မိုင်းသင်တန်းများ စတင်ပို့ချပေးခြင်းဖြစ်နိုင်ကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါမိုင်းသင်တန်းတွင် ပါဝင်တက်ရောက်ရန် စစ်‌ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစတင်ကာ ကသာမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ၌ တစ်ရွာလျှင် လူအင်အား ၂၀ တောင်းဆိုထားပြီး ဒေသသတင်း အရင်းအမြစ်ထံမှ သိရသည်။

ထို့အပြင် ယမန်နေ့ ည ၇ နာရီဝန်းကျင်၌လည်း ကသာမြို့ ရပ်ကွက် ၄ ၊ တင်းနစ်ကလပ်အနီးရှိ ကသာခရိုင် မြေစာရင်းရုံးရှေ့တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း သိရသည်။

“ညဦးအစောပိုင်း ၇ နာရီဝန်းကျင်လောက်ဖြစ်မယ်ဗျ။ အုန်းကနဲ့အသံတချက်ကြားရပြီး လမ်းပေါ်ဘယ်သူမှ မထွက်ရဲကြတော့ဘူး အရင်တခါ ဟိုတစ်ယောက်လို အပစ်ခံရမှာကြောက်တယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုတွင် လူသူ ထိခိုက်ပျက်စီးမှု ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပါ။

Read Previous

မုံးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ MNDAA တို့ တိုက်ပွဲ ပြင်းထန်

Read Next

ကျင်စန်းကျော့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်‌ရေးဂိတ် ယာယီပိတ်

Leave a Reply

Your email address will not be published.