ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်း ကချင်အနုပညာရှင်အသင်းချုပ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ
ကချင်အနုပညာရှင်များ အသင်းချုပ် ဥက္ကဌ အဖြစ် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဒါရိုက်တာ JZ ဒေါင်လွမ်းမှ ကို ရွေးချယ် ခန့်အပ်လိုက်ပြီဟု သိရသည်။
လက်ရှိ ဥက္ကဋ္ဌ မင်းသား Lahtaw Zau Ding သည် ၄ နှစ်သာ သက်တမ်း ကုန်းဆုံးသွားသည့်အတွက် မတ်လ ၂ ရက်နေ့မှ ၃ရက်နေ့အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမတွင် ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။
၂ ရက်သာ အစည်းအဝေးအတွင်း ဥက္ကဋ္ဌ အသစ်အဖြစ် JZ ဒေါင်လွမ်း ၊ ဒု- ဥက္ကဋ္ဌ အဖြစ် မင်းသမီးကြီး L. ဂျာတောင် ၊ အတွင်းရေးမှူး လဂျားဇော်ဒွဲခေါင်နှင့် ဒု- အတွင်းရေးမှူး တေးသံရှင် Kareng Kai Din တို့ ကို အသီးသီးရွေးချယ်ခဲ့သည်။
လက်ရှိ ဥက္ကဋ္ဌအသစ် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် ‘တိမ်ပြာသောနေ့’၊ ‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ စသည့် ရုပ်ရှင်များကို ရိုက်ကူးထားသူဖြစ်သည်။
ကချင်အနုပညာရှင်များအသင်းချုပ်ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကချင်တေးသံရှင် Aba Di က ပထမဆုံးအကြိမ် ဥက္ကဋ္ဌ တာဝန်ကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၆ ခုနှစ်တွင် မင်းသားကြီး ဇော်ဒိန်က ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် တတိယမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။