တိုက်ပွဲသတင်း

မုံးပေါ် စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆ တို့ တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ စမာ ရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆ တို့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြေပြင် သတင်းပေးပို့ချက် အရ စစ်ကောင်စီတပ် တပ်မ ၉၉ စစ်ကြောင်းသည် ယနေ့နံနက် ၉နာရီဝန်းကျင်မှစကာ စမာရွာဘက်သို့ ‌စစ်ကြောင်းထိုးလာတဲ့အတွက် KIA တပ်မဟာ ၆ ၊ တပ်ရင်း ၃၆ ဖြင့် ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရွာနားမှာ တပ်မ ၉၉ က စစ်ကြောင်းထိုးလာလို့ အခု လက်ရှိတိုက်ပွဲ ပြင်းထန်နေတယ်။ ဒီမနက် ၈ နာရီ ၄၅ မိနစ် လောက်က စဖြစ်တာ။ KIA တပ်မဟာ ၆၊ ရင်း ၃၆ နဲ့ဖြစ်‌နေတာလို့” ဟု ရှေ့တန်း မြေပြင်သတင်းပေးပို့သူ တစ်ဦးက ပြောသည်။

မုံးပေါ်ဒေသ စမာရွာ၊ မန်ကန်ရွာတို့ အနီးတဝိုက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ အကြားတိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက်အပြင် နောင်ဟဲန့် နဲ့ လွယ်ဆာရွာတို့ အနီးဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ အကြားတိုက်ပွဲပြင်းထန်သောကြောင့် ရွာပေါင်း၄ ရွာမှ ပြည်သူတွေ ၃၀၀ ကျော်ခန့် တိုက်ပွဲရှောင်ခဲ့ရပြီး ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီလတွင် တိုက်ပွဲပြန်လည်ငြိမ်သက်သွားသည့်အတွက် စမာရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူများ မိမိနေရပ်သို့ ပြန်လည်နေထိုင်လာခဲ့ကြပေမယ့် ယနေ့နံနက်တိုက်ပွဲပြန်လည်ဖြစ်ပွားသည့်အတွက် စမာရွာဒေသခံများ ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်၊ KIA၊ ကိုးကန့် MNDAA တပ်တွေ အဓိက လှုပ်ရှားသွားလာရာနေပြီးတော့ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်တပ်များအကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button