,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာသော နန့်ရင်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသတင်းရရှိသည်။

ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်မှ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းအနီး KIA နှင့် PDF ရှိသည့် တိန်လုံပါဘက်သို့ စစ်ကောင်စီတပ် ၂၀၀ ခန့်ကဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုသည်။

“အခုတိုက်ပွဲဖြစ်တဲ့နေရာက တိန်လုံပါမှာဟုတ်တယ်။ KIA နဲ့ PDF ရှိတဲ့ဘက်ကို စစ်ကောင်စီစစ်သားတွေဝင်လာလို့ ပြန်ခုခံတိုက်ပွဲဟုတ်တယ်။ အခုချိန်အထိတော့ ထိခိုက်မှုမသိသေးဘူး”ဟုပြောဆိုသည်။

ယခုလိုစစ်ကောင်စီဘက်က KIAနှင့် PDF ရှိသည့်နေရာဘက်တွင် ဝင်ရောက်လှုပ်ရှားမှုသည် ပြီးခဲ့သော မတ်လ ၁၆ရက်နေ့ ဟိုပင် ပြည်သူ့စစ်ဗိုလ်ကြီးပစ်ခတ်ခံရသောကြောင့်ဖြစ်နိုင်သည်ဟု သူဆက်ဆိုထားသည်။

ဟိုပင်မြို့အနီးတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဟိုပင်ဒေသခံတစ်ချို့မှာ တိုက်ပွဲ ပြင်းထန်လာမည်ကိုစိုးရိမ်သဖြင့် မြို့ပေါ်စျေးဆိုင်များလည်း ပိတ်ထားကြောင်းသိရသည်။

”ကျွန်မတို့ဟိုပင်နဲ့တောင်သိပ်မဝေးဘူး တိုက်ပွဲဖြစ်တဲ့နေရာက မနက် ကိုးနာရီလောက်ကသေနတ်သံတွေကြားရတာ ဟိုပင်ကလူတွေလည်း ဆိုင်မဖွင့်ရဲကြဘူး ဆိုင်တွေပိတ်ထားကြတယ်”ဟု ဟိုပင်မြို့နေအမျိုးသမီးတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်တွင် ဟိုပင်မြို့ ခလရ ၄၀ တပ်ရင်းက KIA နှင့် PDF ရှိသည့်ဘက်သို့ လက်ရှိအချိန် ၁၁နာရီဝန်းကျင်အထိပစ်ခတ်နေကြောင်း ဟိုပင်ဒေသခံများပြောဆိုချက်မှသိရသည်။

ယနေ့နံနက် ဟိုပင်မြို့အနီးတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၄၂ နယ်တွင်ဖြစ်ပြီး ဟိုပင် PDF နှင့် နန့်မား PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

ထိုနည်းတူ ယနေ့နံနက်ပိုင်း ၄နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့နယ်အဝင် မရမ်းကျေးရွာအနီး၂၁ မိုင်းဂိတ်ကို KIA နှင့် PDF ကသွားရောက်တိုက်ခိုက်ပျက်ဆီးခဲ့သည်။

Read Previous

မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းများတွင် အထောက်အပံ့မရှိတော့သည့် အတွက် စားဝတ်နေရေး အခက်တွေ့နေ

Read Next

မုံးပေါ် စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆ တို့ တိုက်ပွဲ ပြင်းထန်

Leave a Reply

Your email address will not be published.