,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်

မုံပေါ်ဒေသ

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ် မုံးပေါ်ဒေသ၊ မန်နောင် ကောင်ရွာအနီး ယမန်နေ့ တစ်ရက်ထဲ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည်ထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အိမ် ၁ အိမ်မှာတော့ လက်နက်ကြီးထိမှန်တယ်။ နောက် ၁ အိမ်မှာက ၂ လုံးထိတယ်။ မျက်မမြင် အဘိုးကြီး ၁ ယောက် ထွက်မပြေးနိုင်လို့ ထားခဲ့တာ သူ့နား ကုန်းပေါ် လက်နက်ကြီးလာကျပေမယ့် သူက အောက်မှာ ထိုင်နေတော့ ကံကောင်းလို့ မထိတာ။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့် စစ်ကောင်စီတပ်သည် ရွာလယ်လမ်းမမှ ဖြတ်လာချိန် ၁ ဖာလုံခန့်အကွာတွင် KIA မှ စောင့်ကြိုကာဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင်လည်း တံတားနားမှာ ထပ်မံ ဗုံးဖောက်ခွဲခံရတာကြောင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။

“ပြည်သူတွေကိုတော့ နှိပ်စက်တာတော့ မရှိပါဘူး။ နောက်တကြိမ်မှာတော့ ကောင်လေး ၁ ယောက်ကို တွေ့တော့ ခြိမ်းခြောက် ပစ်ခတ်တယ်။ သူ့နားက မြေကြီးကို ၂ ချက်ပစ်ပြီး ခြိမ်းခြောက်တာ။ အဲဒါလည်း အိမ်ခြံဝင်း ထဲမှာပဲ။ ဘာမှ မဖြစ်တော့ဘူး ထင်ပြီး အိမ်ပြန်လာတာ။ သူ့ကို ဘာမှ တော့ မလုပ်ဘူး အဲလိုပဲ ခြိမ်းခြောက်ပစ်ခတ်တာ ထိတော့မထိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံအားလုံး ဘုရားကျောင်းထဲ ထွက်ပြေးတိမ်းရှောင်လိုက်တာကြောင့် လူသူထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီက ရွာထဲ လက်နက်တွေပစ်ခတ်မူကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ရွာအနီးအနားတွင်တိုက်ပွဲ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေက ကြောက်လန့် စိုးရိမ်နေကြပြီး နှိပ်စက်တာတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြရကြောင်း ရွာခံ တစ်ဦးက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း မုံးပေါ်ဒေသ နမ့်ခေါင်ရွာဟောင်းနားမှာ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ PDF ပူးပေါင်းတပ်တို့မှ စစ်ကောင်တပ်အားစောင့်ကြို မိုင်းခွဲ၊ ပစ်ခတ်ခဲ့တာကြောင့် နမ့်ခေါင်တောင်ကြောတစ်လျှောက် ၁ နာရီ နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာလည်း မုံးပေါ် ဆမာရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားကာ ဒေသခံများယာယီရှောင်တိမ်းခဲ့ကြရသည့်အပြင် ယခုနှစ် ဖေဖော်ဝါရီလမှစကာ လက်ရှိအထိ စစ်ကောင်စီနဲ့ KIA၊ MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Read Previous

မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်

Read Next

အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး

Leave a Reply

Your email address will not be published.