,

Breaking News :

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို

အင်းတော်မြို့တွင် ကားသမား ၂ဦးကို PDF ထောက်ပံ့သည်ဟုပြောဆိုကာ စစ်ကောင်စီဖမ်းသွား

အင်းတော်မြို့မ ရဲစခန်း

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှ ကားသမားနှစ်ဦးကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အား ထောက်ပံ့သည်ဟု ပြောဆိုကာ ဧပြီလ ၆ရက်နေ့ ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသော ကားသမား ၂ဦးသည် အင်းတော်မြို့မှ မြစ်ကြီးနားဘက်သို့ တက်လာစဉ် ကြက်သွန်အိတ်၊ ငါးခြောက်ဗူးစသည့်စားသောက်ကုန်များကို တင်ဆောင်လာခဲ့ရာ PDF အဖွဲ့များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ
အင်းတော်မြို့စစ်ဆေးရေးဂိတ်အလွန်တွင် ဖမ်းဆီးလိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်တာ။ ကားကတော့မှန်လုံကား အဲ့ဒီကားကော လူကော အင်းတော်ရဲစခန်းထဲမှာဖမ်းခေါ်သွားတယ်လို့ကြားတယ်။ PDF ကိုထောက်ပံ့တယ်ဆိုပြီးဖမ်းသွားတယ်။ ဒလန်တွေကသက်သက်ချွန်ပြီးဖမ်းခံလိုက်ရတာ”ဟုပြောဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးသွားသော ကားသမားနှစ်ဦးသည် အသက် ၃၀ ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး အင်းတော်မြို့ခံမဟုတ်သည့်အတွက် ကားသမား ၂ဦး၏ အကြောင်းကို အသေးစိတ်ကိုမသိရှိရသေးပါ။

ထိုနည်းတူ ယခင်လကလည်း အင်တော်မြို့မှ ကုန်ကားသမား ၁ ဦးသည် PDF များအား ထောက်ပံ့သည်ဟု ဒလန်၏ သတင်းပေးမှားမှုကြောင့် မိုးညှင်းဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

အင်းတော်မြို့စစ်ဆေးဂ်ိတ်တွင် စစ်ကောင်စီတပ်မှ ကုန်ကားမျာကိုမကြာခဏဆိုသလို ပုံမှန် စစ်ဆေးနေပြီး ကားဆရာများကိုလည်း ဒူးထောက်စစ်‌ဆေးမူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Read Previous

စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂စီးပစ်ခတ်ခံရပြီး ၂ စီးစလုံး နစ်မြုပ်

Read Next

ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့

Leave a Reply

Your email address will not be published.