သတင်း

ဆိုင်ကယ်နှင့် ကားတိုက်မှုကြောင့် ဖခင် နှင့် ခုနှစ်အရွယ် ကလေးတစ်ဦး သေဆုံး

မြစ်ကြီးနား မော်ဖောင်းကျေးရွာတွင် ယမန်နေ့က သားအဖ ၄ ဦး စီးနင်လာသည့် ဆိုင်ကယ်နှင့် ကားတစ် စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဖခင်ဖြစ်သူနှင့် ခုနှစ် နှစ်အရွယ်ကလေးငယ်တစ်ဦး အခင်း ဖြစ်သည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧပြီ ၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်က မော်ဖောင်းကျေးရွာတွင် သားအဖ ၄ ဦး စီးနင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတိုက်မှုဖြစ်ပွားခဲ့ရာ အသက် ၄၀ ကျော်အရွယ် ဖခင်ဖြစ်သူ ဦးခေါင်ဇေ နှင့် အသက် ၇ နှစ် အရွယ်ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ပြီး ကျန်ရှိသည့် နှစ်ဦးမှာလည်း အခြေအနေစိုးရိမ်ရကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ သိရသည်။

”ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ် အခြေအနေကတော့ စိုးရိမ်ရတယ် အခုကျန်ခဲ့တဲ့ နှစ်ယောက်ကလည်းလူငယ်လေးတွေပဲ။ သူတိူ့ကိုတိုက်တဲ့ကားက ကားကြီးလားကားသေး လားမသိရသေးဘူး”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လတ်တလော ဆေးကုသမှုခံယူနေသည့် ၂ဦးမှာ ဇေနန် (၁၃ )နှစ်၊ ဇေဆဲ( ၁၁) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ထပမပုဂ္ဂလိကဘဏ်ရှေ့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးလာသော သက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

မြစ်ကြီးနားမြို့နယ်တွင် ယခုနှစ်အတွင်း ယာဥ်တိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိပြီး လူမှုကူညီရေးအသင်းများ ပြုစုထားသည့် စာရင်းများအရ ယခုနှစ်အတွင်း ယာဥ်တိုက်မှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးအထက်တွင်ရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button