,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

မွေးမြူရေး ကြက်ခြံ မီးလောင်သဖြင့် ကြက်အကောင်တစ်ရာကျော်နှင့် ကားတစ်စီးမီးလောင်

မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်ရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကြက်အကောင်ရေ တစ်ရာကျော်နှင့် အိမ်စီးကားတစ်စီး မီးလောင်သွားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့သစ်ကြီး နယ်မြေ (၄) ရှိ မွေးမြူရေးကြက်ခြံတွင် မီးလောင်မှုဖြစ်ခဲ့ရာ ခြံအတွင်းရှိ ကြက်နှင့် ကြက်ခြံဘေးတွင် ထားသည့် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း ဖြစ်စဥ်သိသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”မနက်အစောကြီးထလောင်တာဗျ။ သူတို့ပြောတာက အဲ့ဒီကြက်ခြံမှာ ကြက်သားပေါင်လေးတွေကို လျှပ်စစ်မီးနဲ့ အပူပေးတာ ဝါယာလျှော့ဖြစ်ပြီးမှ မီးစလောင်တာ ခြံထဲက မွေးမြူရေးကြက် အကြီးတွေအကောင် နှစ်ရာနီးပါးပါသွားတယ်ပြီးတော့ အိမ်စီးကား ဟွန်ဒါတစ်စီးပါသွားတယ်” ဟု ယင်းအမျိုးသားကပြောသည်။

မီးလောင်ဆုံးရှုံးလိုက်ရသည့် ကြက်ခြံပိုင်ရှင်မှာ ဦးစိုင်းထွန်းအေးဆိုသူဖြစ်သည်။ ယခင်က မြစ်ကြီးနားမြို့တွင် မွေးမြူရေး ကြက်ခြံမီးလောင်မှု မရှိခဲ့ဖူးကြောင်း သိရသည်။

Read Previous

မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ

Read Next

ဖားကန့်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း သေနတ်ပစ်သတ်ခံရ