,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

အင်းတော်မြို့နယ် စစ်ကောင်စီ သတင်းပေးဆိုသူ အသတ်ခံရ

စစ်ကိုင်း အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ပင့်တင် ကျေးရွာမှ စစ်ကောင်စီ သတင်းပေး အမျိုးသားတစ်ဦး ယမန်နေ့ညနေပိုင်း အသတ်ခံရကြောင်း သိရသည်။

အသတ်ခံရသူမှာ အသက် ၄၉ အရွယ် ဦးဝင်းဗိုလ် ဆိုသူဖြစ်ကာ ဧပြီ ၁၂ ရက်နေ့ည ၅ နာရီခန့်တွင် Tiger Army တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“သူကပင့်တင်ရွာမှာ စစ်တပ်လာထိုင်ဖို့ စစ်တပ်ကိုဖုန်းဆက်ခေါ်တယ်။ တော်လှန် ရေးလုပ်နေတဲ့ ပြည်သူတွေကိုလည်း တိုင်တာတွေလုပ်ပါတယ်။ PDF ရှိတဲ့နေရာတွေကိုလမ်းပြတယ်။ ဒါကြောင့်မနေ့ညက သူ့အိမ်မှာဝင်ပြီး သေနတ်နဲ့သုံးချက်ပစ်သတ်ခဲ့ပါတယ်” ဟု Tiger Army တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသူ၏ သတင်းပေးမှုကြောင့် PDF များနောက်လိုက်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု Tiger Army တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးဝင်းဗိုလ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသည့် သားတစ်ယောက်လည်း ရှိကြောင်းသိရသည်။

ဒေသခံ ကာကွယ်တပ်ဖြစ်သော Tiger Army အဖွဲ့သည် အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး ၃ ဦးကို ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု ပြောပါသည်။

Read Previous

စစ်ကောင်စီတပ်၏ စစ်ရိက္ခာတင် စက်လှေ ၁ စီး ပစ်ခတ်ခံရ

Read Next

မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ