သတင်း

စစ်တပ်ဂိတ်အနီး စိန်ခေါ်ခဲ့သည့် လူငယ် ၅ဦး အနက် ၁ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နောင်ခိုရပ်ကွက်မြို့အထွက်ရှိ စစ်တပ်ဂိတ်စောင့်အား သွားရောက် စိန်ခေါ်ခဲ့သော လူငယ် ၅ ဦး ကို စစ်တပ်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ကာ လူငယ် ၁ ဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၈ရက်နေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် သွားရောက်စိန်းခဲ့သည့် လူငယ် ၅ဦးကို စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် လူငယ်တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

“ကျနော်တို့ကြားတာက အဲဂိတ်မှာသွားပြီး‌တော့ဆဲဆို စိန်ခေါ်တာ စစ်သားတွေက သေနတ်ပစ်ပြီးလိုက်ဖမ်းတာ တစ်ယောက်မိသွားတယ်ပြောတယ်” လို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံ မျက်မြင်အဆိုအရ ဖမ်းဆီးခံရသူသည် စစ်သားများ၏ ရိုက်နှက်မူကြောင့် ဒဏ်ရာပြင်းထန်နိုင်ချေရှိသည်ဟု သိရပြီး လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိသေးကြောင်း ဆိုသည်။

“အဲလူငယ် ၅ ယောက်က ဘယ်သူတွေလဲဆိုတာ ဘယ် က ကလေးတွေလည်းတိတိကျကျ မသိရသေးဘူး PDF တော့မဟုတ်ဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံရသူသည် အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရပြီး မည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button