တိုက်ပွဲသတင်း

မြင်းမူ PDF စခန်း ၂ ခု စီးနင်းခံရပြီး ဒုခေါင်းဆောင် ကျဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းရှိ PDF စခန်းနှစ်ခုကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခဲ့သည့်အတွက် Zero PDF ဒုခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့တယ်လို့ GTR MMU က ထုတ်ပြန်ထားပါတယ်။

ယနေ့နံနက် ၂နာရီခွဲဝန်းကျင်ခန့်မှစကာ မြင်းမူမြို့ဘက်က အင်အား အပြည့်တင်လာတဲ့ စစ်ကောင်စီ ကား ၂ စီး ထီးဆောင်း-အရာတော်လမ်းအတိုင်း ခွက်ခွင်းရွာနှင့် ငကင်းရွာကြားမှ ဝင်ရောက်ကာ နယ်မြေရှင်းလင်းဝင်‌ ရောက်ခဲ့ကြောင်း သိရသည်။

“မနက်ပိုင်း ၄နာရီလောက်မှာ ဝင်စီးနှင်းလာတာ ဒီဘက်ကလည်း သတင်းရလို့ သွားစောင့်ပစ်တာ စစ်တပ်ဘက်ကလည်း တော်တော်အထိနာသွားတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ နံနက် ၄နာရီဝန်းကျင် စီးနှင်းဝင်ရောက်လာပြီးနောက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့ဘက်မှ အင်အားဖြည့်တင်းရန် ထပ်မံရောက်ရှိလာသည့်စစ်အင်အား ၄၀ ခန့်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားရာ Zero PDF အဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်ကြီးတစ်ဦး ကျဆုံးကြောင်း သိရသည်။

ကျဆုံးသွားသည့် မြင်းခြံ Zero အဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုဟိန်းထက် (ခ) ကိုရခိုင်ကြီးသည် CDM ရဲတပ်သားဖြစ်ပြီး မြင်းမူ ထီးစောင်းဘက်ကို စစ်ကူသွားရင်း ကျဆုံးသွားခြင်းဖြစ်သည်။

အလားတူ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၇ ဦးခန့် သေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း သိရသည်။

“စစ်တပ်ဘက်က လူနာတင်ယာဉ်တွေနဲ့ သယ်သွားတာတွေရှိတယ်။ ခုလောလောဆယ်တော့ ကန်တော်ရွာမှာ တပ်စွဲထားတုန်း နှစ်ဖက်စောင့်ကြည့်အနေထားရှိနေတယ်” ဟု ဒေသ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် ကန်တော်ကျေးရွာ ရွာလုံးကျွတ်မီးရှို့သည့်အပြင် ဘေးပတ်ဝန်းကျင်မှ ခွက်ခွင်းကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ ငကင်းတောင်ရွာ၊ငကင်းမြောက်ရွာနှင့် ငကင်းရွာမ စသည့် ကျေးရွာများမှ ပြည်သူများ ၁သောင်းဝန်းကျင်သည်လည်းဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ‌ရကြောင်း သိရသည်။

လက်ရှိတွင် မြင်းမူဒေသခံ PDF အဖွဲ့များမှ မုံရွာ – မြင်းမူ – မန္တလေးလမ်းပိုင်းနဲ့ ထီးဆောင်း-အရာတော် လမ်းပိုင်းများတွင် ဧပြီ ၂၉ မှစပြီး လုံးဝ အသုံးမပြုကြဖို့ အသီးသီးထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button