သတင်း

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက် ကွတ်ခိုင် နှင့် သိန္နီကြား ပြည်ထောင်စုလမ်း ၃၈ မိုင် မန်ပြိန်းတွင် ယမန်နေ့ည ကြက်သွန်ဖြူ ကုန်တင်ကား ၁ စီး တိမ်းမှောက်ခဲ့သဖြင့် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိကြောင်း လူမှုကူညီရေးအသင်းနှင့် ကုန်သည်၊ ယာဉ်မောင်းများထံ မှ သိရသည်။

“မနေ့ည ၁၀ နာရီလောက်ဖြစ်တာ ကားက တခုခု ဖြစ်သွားတာထင်တယ်။ ၃၈ မိုင် မန်ပြိန်း အဆင်း ဒုတိယ‌ကွေ့ မှာ ဖြစ်တာ” ဟု ကွတ်ခိုင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦး က KNG သတင်းဌာနကို ပြောဆိုထားသည်။

သေဆုံးသူသည် ယာဉ်နောက်လိုက်သည့် စပါယ်ယာဖြစ်ပြီး အသက် ၂၇ ဝန်းကျင်ခန့်ရှိနိုင်‌ပြီး ယာဉ်မောင်းသူသည် အသက် ၃၀ ဝန်းကျင်ရှိကာ ယာဉ်တိမ်းမှောက်မူကြောင့် ခြေတစ်ဖက် ကျိုးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညအချိန် ဖြစ်ပွားခဲ့ပြီး ယာဉ်ချို့ယွင်းချက် တခုခုကြောင့်ဟု ယူဆရကြောင်း ယာဉ်တိမ်းမောက်မူ ကယ်ဆယ်ရေးတွင် ကူညီပေးခဲ့သည့် ဒေသခံ ၁ ဦးက ပြောသည်။

“မိုးရွာတော့ အရမ်းသတိထားရတယ်။ ကားတွေ အမြဲစစ်ရတယ်။ ကားစက်တစ်ခုခု ချို့ယွင်းသွားလို့ဖြစ်နိုင်တယ်။ ဘဝတူ ကားသမားတွေကို မိုးတွင်း ပိုပြီး သတိဝီရိယရှိစေချင်တယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

သေဆုံးသူနဲ့ ဒဏ်ရာရသူ ကိုတော့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင် နှင် သိန္နီ ကြား ပြည်ထောင်စုလမ်းသည် လမ်းကြော အကွေ့ အကောက်၊ အတက်အဆင်းများသည့်အတွက် မကြာခဏ ယာဉ်မတော်တဆမှု၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ ရှိသည်။

Show More

Related Articles

Back to top button