သတင်း

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဇွန်လ ၂၆ရက် ယမန်နေ့ နေ့လည်၁၂နာရီဝန်းကျင် ဗန်းမောက်တောင်ပိုင်းဘက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်း ဝင်ရောက်လာချိန် ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် တပ်သား၅ဦးခန့် သေဆုံးသွားသည့်အတွက်ကြောင့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် ၈နာရီဝန်းကျင် ကျောက်အိုင်ကျေးရွာသို့ ဝင်ရောက်ကာ ဒေသခံပြည်သူ ၃၀ ဦးအား ဖမ်းဆီးထားကြောင်းသိရသည်။

“စစ်ကြောင်းတွေက မနေ့စပြီး ဗန်းမောက်တောင်ပိုင်းဘက် စစ်ကြောင်းထိုးလာပါတယ်။ အဲ့ဒီမှာကျွန်တော်တို့ဘက်က မိုင်းဆွဲလိုက်တာ ၅ယောက်လောက်က အဲ့နေရာမှာဘဲ သေဆုံးသွားပါတယ်။ နောက်သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာခတ်တာရှိပါတယ်။ ဒီနေ့မနက် ၈နာရီခွဲလောက်မှာတော့ ကျောက်အိုင်ကျေးရွာကို ဝင်လာပြီး ယောက်ျားသားတွေဘဲ တစ်အိမ်တစ်ယောက်တောင်းတယ်။ အဲ့မှာထွက်ပြေးကြတာနဲ့ ဘာနဲ့ဆို အယောက်၃၀လောက် ဖမ်းခံထိထားတယ်”ဟု Banmauk Revolution-BRအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ထို့အပြင် ကျောက်အိုင်ကျေးရွာအနီး လူနေအိမ် ၂လုံး နှင့် ကျောက်အိုင်ကျေးရွာနှင့် တဆက်တည်းရှိသော စီးမော်ကျေးရွာမှ CDM ဆရာမတစ်ဦး၏ ဆေးခန်းကိုပါ ထပ်မံပါမီးရှို့ဖျက်ဆီးပေးလိုက်သည်ဟု ကျောက်အိုင်ရွာမှထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတစ်ဦးထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံ ပြည်သူ ၃၀ ဦးသည် အမျိုးသားများသာဖြစ်ကြပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်းလည်း Banmauk Revolution-BR တာဝန်ရှိသူတစ်ဦး ပြောဆိုချက်မှသိရသည်။

အဆိုပါ ကျောက်အိုင်ကျေးရွာတွင် အိမ်ခြေ ၄၁ ကျော်ခန့်ရှိပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများ ၃၀၀ ကျော်ခန့်သည် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ ၂၆ရက် နေ့မှစတင်ပြီး ဗန်းမောက်မြို့နယ်တောင်ပိုင်း တစ်လျှောက် စစ်အင်အား ၁၀၀ ခန့်အပါ စစ်ကြောင်း ၃ခုဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ထိုစစ်ကြောင်းတွင် ရှမ်းနီတပ်ဖွဲ့ (SNA) တပ်သားများလည်းပါဝင်နေကြောင်း Banmauk Revolution-BR တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button