သတင်း

ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား

ဩဂုတ်လ ၉ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာရှိ နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးမှ သိရသည်ဟူသော မဟုတ်မမှန် သတင်းအမှားတစ်ခု ပြန့်နှံနေသည်ကို ထပ်မံ တွေ့ရှိရသည်။

ဒီသတင်းအမှားကို စစ်ကောင်စီထောက်ခံသည့် “Truth Media” Telegram အကောင့်တွင် ဩဂုတ်လ (၁၀) ရက်နေ့တွင် စတင်ရေးသားခဲ့သည်။

သူ၏ ဖော်ပြချက်တွင် “ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF များ မီးရှို့ပေးလိုက်ပြီး KIA အယောက် ၃၀ ခန့် သေးဆုံးတဲ့အတွက် မီးတင်ရှို့တာဖြစ်တယ်လို့” ဆိုထားသည်။

အထက်ပါ သတင်းများမှာ Kachin News Group KNG တွင် ဩဂုတ်လ ၁၀ ရက်နေ့ ဖော်ပြခဲ့သော “ဆယ်ဇင်း နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံ ၃၀ ခန့် ထိခိုက် သေဆုံးမှုရှိ” ဆိုသော သတင်းမှ ရုပ်ပုံနှင့် အချက်အလက်များကို စာဖတ်သူ အမြင်မှားအောင် လွဲပြောင်း ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။

အလားတူ ဆယ်ဇင်းမှလွတ်မြောက်လာသူတစ်ဦးကို KNG မှ မေးမြန်းချက် ကို နားဆင်ကြည့်ပါက ဆယ်ဇင်းကျေးရွာကို KIA နှင့် PDF များ မီးရှို့ခဲ့သည်ဆိုသော အချက်မှာ သတင်းအမှားဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဆယ်ဇင်းကျေးရွာကို အမှန်တကယ်မီးရှို့သူများမှာ စစ်ကောင်စီနှင့် အပါင်းအပါများနှင့်ဖြစ်ပြီး ၎င်းကို ထောက်ခံသူများသည် လူမှုကွန်ရက်နှာပေါ်တွင် မဟုတ်မမှန်သော သတင်းများကို ဖြန့်ဝေနေသည်မှာ ပုံမှန် မြင်တွေ့နေရပါသည်။

ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် သတင်းအချက်အလက် အဖြစ်အပျက်များကို ယုံကြည်နိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များကိုလည်း ဖတ်ရှုသင့်ပါသည်။

 

Show More

Related Articles

Back to top button